DVB Logo
Home
မြန်မာသတင်း
ထန်းတပင် ကျဆုံးပြည်သူအတွက် လက်တုံ့ပြန်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ပြော
DVB
·
May 23, 2021
ထန်းတပင် ကျဆုံးပြည်သူအတွက် လက်တုံ့ပြန်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ပြော
Donate to DVB

မနေ့က ပဲခူးတိုင်း ထန်းတပင်မြို့မှာ စစ်ကောင်စီတပ်တွေက ပစ်ခတ်လို့ ပြည်သူတစ်ယောက် ကျဆုံးပြီး တစ်ယောက်ဒဏ်ရာရတဲ့အပေါ် လက်တုံ့ပြန်သွားမယ်လို့ ထန်းတပင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။

မေ ၂၁ ရက်က စစ်တပ်နဲ့ သူတို့လက်ပါးစေ ပျူစောထီးတွေဟာ စာသင်ကျောင်းတွေနဲ့ ကျေးရွာတွေမှာ တပ်စွဲထားခဲ့ပြီး ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ အပြင်မထွက်ဖို့ ကန့်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကြားထဲမှာပဲ မေ ၂၂ ရက် ည ၉ နာရီလောက်က မိုင်တဲတာဝါတိုင်တခုနဲ့ရပ်ကွက်တချို့မှာ ပေါက်ကွဲတာတွေဖြစ်ခဲ့ပြီး ဒါဟာ စစ်ကောင်စီလက်ချက်ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စွပ်စွဲပါတယ်။

ဒီပေါက်ကွဲတာတွေဖြစ်ပြီးနောက် စစ်ကောင်စီ တပ်တွေဟာ မြို့ပေါ်ရပ်ကွက်တွေမှာ သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး ပြည်သူတစ်ယောက်ကျဆုံး၊ တစ်ယောက် ဒဏ်ရာ အပြင်းအထန်ရခဲ့ပါတယ်။

ကျဆုံးသွားသူကတော့ ထန်းတပင်မြို့ အောင်သုခ ရပ်ကွက်နေ အသက် ၄၈ နှစ်အရွယ် ဦးမျိုးသန့်ထွေးဖြစ်ပြီး သူ့မှာ ဇနီးနဲ့ သမီး ၂ ယောက်ကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒဏ်ရာရသူကိုတော့ လုံခြုံတဲ့နေရာမှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ပြည်သူအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး လက်တုံ့ပြန်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013