တန့်ဆည်တွင် တပ်သတင်းပေး သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
May 23, 2021

တန့်ဆည်မြို့က စစ်တပ်သတင်းပေးတစ်ယောက် ဒီမနက်က သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မဟာမြိုင်ရပ်ကွက်နေ တပ်သတင်းပေးဆိုသူဟာ သူ့ရဲ့အိမ်မှာပဲ ပစ်ခတ်ခံရတာ ဖြစ်ပြီး ခေါင်းနဲ့ရင်ဘတ်ကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
သူ့မိန်းမလည်း သတိလစ်သွားတာကြောင့် ၂ ယောက်လုံးကို ရေဦးမြို့က ဆေးရုံကိုတင်ခဲ့ရပြီး တပ်သတင်းပေးဆိုသူကတော့ ဆေးရုံမှာ သေဆုံးသွားပါတယ်။
သူဟာ အရင်က သစ်မှောင်ခို၊ ရဲသတင်းပေးလုပ်ခဲ့ပြီး အခုကာလမှာလည်း စစ်ကောင်စီရဲ့ အကြီးစားဒလန်တစ်ယောက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။