မကွေးမြို့ အထက်တန်းကျောင်း ၂ ကျောင်းအနီး ဗုံးပေါက်ကွဲ
DVB
·
May 22, 2021
မကွေးမြို့ မှာ မေ ၂၁ ရက် မနက်ပိုင်းက အ.ထ.က ၃ အနီးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးတော့ အ.ထ.က ၄ အနီးမှာ ညပိုင်းက ဗုံးတစ်လုံး ထပ်မံ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မကွေးမြို့ အ.ထ.က ၄ အနီးမှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီရဲ့တပ်တွေ ပိတ်ဆို့ရှာဖွေတာတွေ လုပ်နေတာကြောင့် ထိခိုက်ပျက်စီးမှုကို အတည်မပြုနိုင်သေးဘူးလို့ မကွေးမြို့ခံတစ်ယောက်က ပြောပါတယ်။
အဲဒီ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အ.ထ.က ၄ အနီးမှာ စစ်ကောင်စီရဲ့ တိုင်းအဖွဲ့ဝင် ဦးတင့်လွင်နဲ့ ခရိုင်အဖွဲ့ဝင် ဦးမျိုးသန့်တို့ နေအိမ်တွေရှိတယ်လို့ ဆိုပါတယ်။