DVB Logo
Home
မြန်မာသတင်း
တန့်ဆည်မြို့နယ်ရှိ CDM ပညာရေးဝန်ထမ်း ၉၀၀ ကို အလုပ်မှယာယီရပ်ဆိုင်း
DVB
·
May 21, 2021
တန့်ဆည်မြို့နယ်ရှိ CDM ပညာရေးဝန်ထမ်း ၉၀၀ ကို အလုပ်မှယာယီရပ်ဆိုင်း
Donate to DVB

တန့်ဆည်မြို့နယ်က ကျောင်းအုပ်‌တွေ၊ ကျောင်းဆရာဆရာမတွေနဲ့ ပညာရေးဝန်ထမ်းပေါင်း ၉၀၀ လောက်ကို အလုပ်ကနေ ယာယီရပ်နားလိုက်ပါတယ်။

စစ်အာဏာရှင်လက်အောက် အလုပ်မလုပ်ချင်လို့ CDM လုပ်ထားသူ‌တွေကို စစ်အာဏာရှင်လက်အောက် လုပ်ကိုင်နေတဲ့ ပညာရေးမှူးက အလုပ်ကနေ ရပ်နားလိုက်တာပါ။

ရပ်နားခံရသူတွေထဲမှာ အထက်တန်းကျောင်းအုပ် ၆ ယောက်၊ အလယ်တန်းကျောင်းအုပ် ၂၆ ယောက်၊ မူလတန်းကျောင်းအုပ် ၆၉ ယောက် ပါဝင်ပါတယ်။

တန့်ဆည်မှာ အထက်တန်းကျောင်းအုပ် ၁၂ ယောက်၊ အလယ်တန်းကျောင်းအုပ် အယောက် ၄၀၊ မူလတန်းကျောင်းအုပ် ၁၀၄ ယောက် ရှိပါတယ်။

ပြီးတော့ အထက်တန်းပြ ဆရာ ဆရာမ အယောက် ၁၇၀၊ မူလတန်းပြနဲ့ လက်ထောက် မူလ တန်းပြ ၅၁၃ ယောက်၊ ရုံးဝန်ထမ်း ၁၀၄ ယောက်တို့လည်း အလုပ်ကနေ ယာယီ ရပ်နားခံရပါတယ်။

စာရင်းရှိတာကတော့ အထက်တန်းပြ အယောက် ၂၂၀၊ အလယ်တန်းပြ အယောက် ၅၇၀၊ မူလတန်းပြ ၅၈၄ ယောက်နဲ့ ရုံးဝန်ထမ်း ၄၄၉ ယောက် ဖြစ်ပါတယ်။

အလယ်တန်းပြဆရာ ဆရာမပေါင်း ၅ဝဝ ဝန်းကျင် CDM စာရင်းပေးထားပြီး အခုထိတော့ အလုပ်ထုတ်စာ မထွက်လာသေးပါဘူး။

အလုပ်ထုတ်စာ စာရင်းနဲ့ တကယ်တမ်း CDM လုပ်သူစာရင်းမှာ နည်းနည်းကွာဟတာ ရှိတယ်လို့လည်း ပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013