Home
မြန်မာသတင်း
စမ်းချောင်း ဗုံးပေါက်ကွဲမှုကြောင့် စစ်သား ၁ ဦးသေဆုံး
DVB
·
May 21, 2021
187978969_277140987528723_8427593126982504053_n
187457151_277140930862062_5985389102666347739_n
186482678_277140780862077_6986678071570825371_n

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်းမှာ ဒီနေ့ မေလ ၂၁ ရက်နေ့လည် ၁ နာရီကျော်က  ဗုံးပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားတစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူရုံးအနီးမှာ ဗုံးပေါက်ကွဲတာဖြစ်ပြီး နေ့လယ် ၁ နာရီ ၁၄  မိနစ်လောက်က ၁ ကြိမ်နဲ့ နေ့လယ် ၁ နာရီခွဲလောက်မှာ  ၁ ကြိမ်  ဗုံးပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ 

အခင်းဖြစ်ပွားရာမှာ စစ်သားတစ်ဦးသေဆုံးတယ်လို့ ကနဦးသိရပြီး အခုထိ ဗားကရာလမ်းမကြီးမှာ စစ်တပ်က ပိတ်ဆို့ ရှာဖွေနေပါတယ်။ 

နေ့လယ် ၂ နာရီ ၁၇ မိနစ်ကလည်း ဗားကရာလမ်းမှာပဲ ထပ်မံဗုံးပေါက်ကွဲခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024