DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ်က ပညာရေးဝန်ထမ်း ၈၀၀ ကျော် အလုပ်တာဝန်ကရပ်ဆိုင်းခံရ
DVB
·
May 21, 2021
ဒီပဲယင်းမြို့နယ်က ပညာရေးဝန်ထမ်း ၈၀၀ ကျော် အလုပ်တာဝန်ကရပ်ဆိုင်းခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းမှာ မေလ ၂၀ ရက်နေ့က စစ်အာဏာဆန့်ကျင်တော်လှန်ကြတဲ့ မူလတန်းကျောင်းအုပ် ၆၅ ဦးနဲ့ အလက/ အမက သင်ကြားစီမံဝန်ထမ်း ၇၉၃ ဦးကို အလုပ်တာဝန်က ယာယီရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

ဒီပဲယင်းမြို့နယ်အခြေခံပညာကျောင်းတွေက သင်ကြား စီမံ ဝန်ထမ်း ၅၀၂ ဦးကို မေလ ၁၇ ရက်ခန့်က တာဝန်ကရပ်ဆိုင်းခဲ့တာဖြစ်ပြီး၊ မူလတန်းကျောင်းအုပ် ၆၅ ဦးနဲ့ အလယ်တန်းပြ ၂၉၁ ဦးကိုတော့ မေလ ၂၀ ရက်နေ့က တာဝန်ကရပ်ဆိုင်းကြောင်း အသိပေး ကြေညာခဲ့တာလို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်မှာ ပညာရေးဝန်ထမ်း ၁၄၀၀ ကျော်ရှိပြီး CDM ပြုလုပ်သူ ၉၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီက တနိုင်ငံလုံးမှာရှိတဲ့ CDM ဝန်ထမ်းတွေကို တာဝန်က ရပ်ဆိုင်းနေတာတွေ ပြုလုပ်နေပြီး အလုပ်တာဝန်ကရပ်ဆိုင်းခံရတဲ့ ပညာရေးဝန်ထမ်းပေါင်း တစ်သိန်းကျော်အထိ ပါဝင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013