DVB Logo
Home
မြန်မာသတင်း
တနိုင်း​ NLD အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရ
DVB
·
May 20, 2021
တနိုင်း​ NLD အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရ
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးကို သူနေထိုင်ရာ တနိုင်းမြို့ ဆင်မ်ဆာ့ရပ်ကွက်မှာ မေ ၂၀ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ အာဏာသိမ်းစစ်တပ်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

”မနက်က မေးစရာရှိတယ်ဆိုပြီး တပ်ကလာခေါ်သွားတယ်ပြောတယ်။ ဘာလို့လာခေါ်သွားတယ်ဆိုတဲ့ အကျိုးအကြောင်းက ဘာမှမသိရသေးဘူး” လို့ ဦးလင်းလင်းဦးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဦးလင်းလင်းဦးဟာ NLD ပါတီကနေ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဆက်တိုက်အနိုင်ရရှိထားသူတစ်ဦးဖြစ်ပြီး တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်ပါတယ်။   

တနိုင်းမြို့မှာနေထိုင်တဲ့ လဝကဝန်ကြီး ဦးဇော်ဝင်းကိုလည်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားကာ မြစ်ကြီးနားထောင်ကနေ တရားရင်ဆိုင်နေရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013