DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် ဆရာ ဆရာမ ၂၀၀ နီးပါးကို အကြမ်းဖက်စစ်အုပ်စုက တာဝန်ကရပ်နား
DVB
·
May 20, 2021
ဘိုကလေးတွင် ဆရာ ဆရာမ ၂၀၀ နီးပါးကို အကြမ်းဖက်စစ်အုပ်စုက တာဝန်ကရပ်နား
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က  အာဏာဖီဆန်  CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဆရာ ဆရာမ အယောက် ၂၀၀  လောက်ကို အကြမ်းဖက်စစ်ကောင်စီက တာဝန်ကနေ ယာယီ ရပ်နားလိုက်ပါတယ်။

ဘိုကလေးမြို့နယ်အတွင်းက  အထက်တန်းပြ ၁၀ ဦးအပါဝင် စုစုပေါင်း ဆရာ ဆရာမ ၁၁၉ ယောက်ကို   မေလ ၇  ရက်ကစပြီး အလုပ်တာဝန်မှ  ရပ်ဆိုင်းလိုက်တာလို့ ဧရာဝတီတိုင်းပညာရေးမှူးရုံးက ထုတ်ပြန်ပါတယ်။

အဆိုပါ ဆရာ ဆရာမတွေဟာ ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်တာ၊ လုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ  တာဝန်ချိန်ပျက်ကွက်တာတွေကြောင့်  နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ (၁၇၀)  အရ တာဝန်ကနေ ယာယီရပ်ဆိုင်းတာ ဖြစ်တယ်လို့ မေလ ၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

လာမယ့် ဇွန် ၁ ရက်မှာ နိုင်ငံတဝန်း အခြေခံပညာကျောင်းတွေ ပြန်ဖွင့်လှစ်ဖို့ အကြမ်းဖက်စစ်ကောင်စီက စီစဉ်နေသလို  တဘက်မှာလည်း  ဆရာ၊ ဆရာမတွေကို အလုပ်ထုတ်ပစ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013