
နိုင်ငံကိုယ်စားပြုအသင်းပေါင်း ၄၈ သင်းအထိ ပါဝင်ယှဉ်ပြိုင်ကြမဲ့ သမိုင်းတလျှောက် အကြီးကျယ်ဆုံး ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီး စတင်ဖို့ကတော့ ၂ ရက်လောက်ပဲ လိုပါတော့တယ်။
ဒီပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံ ၃ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ဇွန် ၁၂ ရက် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ အိမ်ရှင် မက္ကဆီကိုအသင်းနဲ့ တောင်အာဖရိက အသင်းတို့က အဖွင့်ပွဲ စတင်ကစားမှာ ဖြစ်ပါတယ်။
ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကျင်းပပြီးစီးခဲ့တဲ့ အရင်ပြိုင်ပွဲတွေနဲ့ မတူဘဲ ဘယ်လို တမူထူးခြားပြီး ကွဲပြားခြားနားချက်တွေရှိနေလဲဆိုတာ DVB ရုပ်သံမှာ ရှုစားကြည့်ရှုနိုင်ပါတယ်။











