DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက်မြို့ပေါ် စစ်ရဟတ်ယာဉ်များရောက်လာသဖြင့် ပြည်သူများ တောထဲတိမ်းရှောင်
DVB
·
May 17, 2021
ကန်ပက်လက်မြို့ပေါ် စစ်ရဟတ်ယာဉ်များရောက်လာသဖြင့် ပြည်သူများ တောထဲတိမ်းရှောင်
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်တဲ့ ကန်ပက်လက်ပြည်သူတွေနဲ့ အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား  ပစ်ခတ်တိုက်ခိုက်မှုတွေရှိပြီးတဲ့နောက် စစ်ရဟတ်ယာဉ်တွေ ရောက်လာတဲ့အတွက် ပြည်သူတွေတောထဲ ဝင်ရောက်ပုန်းရှောင်နေကြ ရပါတယ်။

ယမန်နေ့ ညနေ ၃ နာရီလောက်က စစ်ကောင်စီဘက်က လေယာဉ် ၃ စီးနဲ့ နှစ်ကြိမ်  လာ ရောက်ပျံဝဲသွားကြောင်း၊ ဒီကနေ့လည်း တနေကုန်သွားလိုက်လာလိုက်လုပ်နေလို့ ပြည်သူတွေ ထွက်ပြေးနေပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း နောက်ဆုတ်ထားရတယ်လို့ CDF ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ အခုကျနော်တို့ ကန်ပက်လက် CDF အဖွဲ့က မြို့တွင်းကနေ ဆုတ်ခွါထားပါတယ်။ စစ်ကောင်စီအဖွဲ့ဝင်တွေက မြို့ထဲမှာလှည့်လည်သွားလာနေသလို လေယာဉ်တွေနဲ့လည်း လာ ဝဲတယ်၊ အင်အားဖြည့်တယ်၊ လေယာဉ်နဲ့ မနေ့ညနေက ၂ ခေါက်၊ ဒီနေ့ကျတော့ မနက်ကစပြီး ဆင်းလိုက်ဝဲလိုက်လုပ်တာ အနည်းဆုံး ၇ ခေါက်လောက်ရှိမယ်၊ တနေ ကုန်ပါဘဲ၊  သူတို့ကမြို့ထဲမှာ ရမ်းကားပစ်ခတ်ရင် ပြည်သူတွေထိမှာစိုးလို့ ကျနော်တို့က နောက်ဆုတ်ပေးလိုက်တယ်ခင်ဗျ၊ ပြည်သူတွေက မနေ့ကတည်းက တောထဲရှောင်သွားတယ်၊ တမြို့လုံးနီးပါးပဲ၊ ကျန်တဲ့လူတွေက ဒီကနေ့ထွက်ချင်ပေမယ့် မထွက်ရဲဘူး၊ မြို့ထဲမှာ စစ်ကောင်စီတွေရှိလို့လေ ပိတ်မိသလိုဖြစ်နေတယ်   ” 

ကန်ပက်လက်ဟာ အရင်က အေးချမ်းတည်ငြိမ်တဲ့မြို့ငယ်လေးဖြစ်ပြီး ပြည်သူတွေဟာ စစ်ပြေးရှောင်ရတဲ့ အတွေ့အကြုံမရှိလို့ ကြိုတင်ပြင်ဆင်မှုမရှိဘဲ တောထဲမှာနေထိုင်စားသောက်ရေး အခက်အခဲရှိနေတယ်လို့ သူကဆက်ပြောပါတယ်။ 

ကန်ပက်လက် CDF အဖွဲ့ဟာလည်း လောလောဆယ် မလွှဲသာလို့ နောက်ဆုတ်ထားရ ပေမယ့် သူတို့မြို့ကို သူတို့ပြန်သိမ်းပိုက်နိုင်အောင်လို့တော့ ဆက်လက်လှုပ်ရှားသွားမှာ ဖြစ်ကြောင်း ၊ သူတို့ဆီမှာ လက်နက်ဆိုလို့ တူမီးသေနတ်၊ လေးနဲ့ မြားတွေသာရှိလို့ NUG အစိုးရဆီကနေ လက်နက်အကူအညီမျှော်လင့်တယ်လို့ ဆိုပါတယ်။ 

ကန်ပက်လက်ပြည်သူတွေဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် နေ့စဉ်လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပြီး လွန်ခဲ့တဲ့ ၅ ရက်ကစ သပိတ်စစ်ကြောင်းဖြိုခွင်းခံရသလို သူတို့ဘက်ကလည်း စစ်ကောင်စီရဲကင်းကို ဝင်တိုက်တာကြောင့် နှစ်ဘက် ပစ်ခတ်မှုတွေရှိခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013