DVB Logo
Home
မြန်မာသတင်း
မင်းတပ်အတွက် အရေးပေါ်စစ်ဘေးရှောင်စခန်း အမြန်ဆုံးဖွင့်ရန် လိုအပ်
DVB
·
May 17, 2021
မင်းတပ်အတွက် အရေးပေါ်စစ်ဘေးရှောင်စခန်း အမြန်ဆုံးဖွင့်ရန် လိုအပ်
Donate to DVB

မင်းတပ်အတွက် အလံဖြူထောင်နိုင်တဲ့ အရေးပေါ်စစ်ဘေးရှောင်စခန်း အမြန်ဆုံးဖွင့်ဖို့ လိုအပ်နေတယ်လို့ မင်းတပ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မြို့ပေါ်က ပြည်သူလူထု ၉၀ ရာခိုင်နှုန်းလောက်ဟာ တောထဲတောင်ထဲ အကာအကွယ်မဲ့ တိမ်းရှောင်ထွက်ပြေးနေကြရပြီး မြို့ပေါ်မှာ ပိတ်မိနေတဲ့ ပြည်သူတချို့ကိုလည်း ထွက်ပြေးလို့မရအောင် အကြမ်းဖက်စစ်တပ်က လမ်းတွေပိတ်ထားတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က "အခု မင်းတပ်အတွက် အရေးပေါ်လိုအပ်တာကတော့ NGO/INGO/UN တွေရဲ့ အကူအညီနဲ့ အရေးပေါ်စစ်ဘေးရှောင်စခန်း အမြန်ဖွင့်ပေးဖို့လိုအပ်တယ်။ အဲလိုအကူအညီတွေ နောက် ၃၊ ၄ ရက်အတွင်း မရဘူးဆိုရင် စစ်တပ်ရဲ့လက်နက်ကြောင့် သေတဲ့သူကသေ၊ အစာရေစာငတ်ပြတ်လို့၊ ကျန်းမာရေးစောင့်ရှောက်မှုမရလို့ ဒုက္ခရောက်မယ့်လူဦးရေ များလာမယ့် အခြေအနေမှာရှိတယ်။ အဲဒါကြောင့် ဖြစ်နိုင်လို့ရှိရင် အလံဖြူထောင်နိုင်တဲ့ စစ်ဘေးရှောင်စခန်းအမြန်ဆုံး ဖွင့်ဖို့လိုအပ်တယ်" လို့ ပြောပါတယ်။

မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အလွန်အကျွံ အင်အားသုံးဖြိုခွင်းတာ‌‌ကြောင့် ပြည်သူတွေအထိနာမှာစိုးပြီး နောက်ဆုတ်ပေးလိုက်ပေမဲ့ အကြမ်းဖက်စစ်တပ်ကတော့ ဆက်လက်ဖျက်ဆီး အကြမ်းဖက်နေတယ်လို့လည်း ဆိုပါတယ်။

"အိမ်ထဲဝင်ပြီး ချင်းရိုးရာပစ္စည်းတွေကို ခိုးယူကြတယ်။ အဘိုးအဘွားတွေနဲ့ အစောင့်တွေရှိတဲ့အိမ်တွေကိုဝင်ပြီးတော့ ငွေ၊ လက်ဝတ်ရာတနာ၊ နားကပ်၊ ဆွဲကြိုး၊ ဆိုင်ကယ် တွေ့သမျှအကုန်ယူတယ်။ ပြည်သူတွေရဲ့အိမ်တွေကို လက်နက်ကြီးငယ်တွေနဲ့ တမင်ဖျက်ဆီးနေတယ်။ စစ်ဘေးရှောင်ဦး‌ရေဟာ ၃၀၀၀ နဲ့ ၅၀၀၀ ကြားမှာရှိပြီး အမိုးမရှိ၊ အကာမရှိ၊ အခင်းမရှိ၊ ဒီအတိုင်း မြေကြီးပေါ်မှာပုဆိုးခင်းပြီး အိပ်နေရသလို စားဝတ်နေရေးလည်း အခက်အခဲရှိ‌နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013