DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ်အတွင်း ပညာရေးဝန်ထမ်း ၈၀၀ ကျော်ကို တာဝန်မှ ယာယီရပ်ဆိုင်း
DVB
·
May 17, 2021
ဖြူးမြို့နယ်အတွင်း ပညာရေးဝန်ထမ်း ၈၀၀ ကျော်ကို တာဝန်မှ ယာယီရပ်ဆိုင်း
Donate to DVB

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းက ပညာရေးဝန်ထမ်း ၈၂၇ ယောက်ကို  တာဝန်ကနေ ယာယီရပ်ဆိုင်းတဲ့စာရင်းကို မြို့နယ်ပညာရေးမှူးရုံးမှာ ကပ်ထားတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ မေ ၇ ရက်နေ့အထိ တာဝန်ချိန်ပျက်ကွက်ခဲ့တာကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းခဲ့တာလို့ ​ထုတ်ပြန်ထားပါတယ်။

ပညာရေးဝန်ထမ်းဆရာတစ်ဦးက  “အခုထုတ်ပြန်ချက်မှာ အထက်တန်းကျောင်းအုပ်၊ အလယ်တန်း ကျောင်းအုပ်နဲ့ ရုံးအဖွဲ့ဝင်တွေ ပါဝင်မှု မရှိဘူး။ ကျောင်းဖွင့်ရင် ကျောင်းမတက်ဘဲ နေသူတွေရှိနေဦးမှာ စုစုပေါင်း ၁၀၀၀ အထက်မှာ ရှိမယ်။ ပညာ​ရေးက CDM မှာ ၅၀ ရာခိုင်နှုန်း လောက် ပါဝင်တယ်။"လို့ ပြောပါတယ်။

ဖြူးမြို့နယ်အတွင် ပညာရေးဝန်ထမ်းပေါင်း ၂၇၀၀ လောက်ရှိပြီး  CDM မှာ ပါဝင်သူ ၁၄၀၀ ကျော်ရှိကာ အခုလက်ရှိ စစ်ကောင်စီအကြမ်းဖက်အဖွဲ့က  ပညာရေးဝန်ထမ်း ၈၂၇ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ​ထုတ်ပြန်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013