DVB Logo
Home
မြန်မာသတင်း
ရုရှားကျောထောက်နောက်ခံပြု ထားဝယ်စီးပွားရေးဇုန်အတွက် စစ်တပ်က ရွာမီးရှို့ပြီး မြေရှင်းနေ
DVB
·
August 24, 2026
Photo: MOI
Photo: MOI
Donate to DVB

မြန်မာစစ်အာဏာရှင်ဟာ ရုရှားရဲ့ ပံ့ပိုးကူညီမှုနဲ့ ဖော်ဆောင်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) အတွက် သတ်မှတ်ထားတဲ့ မြေနေရာတွေကို အဓမ္မ ရှင်းလင်းဖို့ တပ်အင်အား ၇၀၀ လောက် ကို စေလွှတ်တပ်ဖြန့်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

စစ်အာဏာရှင်တပ်ဟာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေပြီး ပတ်ဝန်းကျင်ဒေသတွေကို သွားရောက်ခွင့်ကိုလည်း ပိတ်ဆို့ထားကြောင်း ဒေသခံ တက်ကြွလှုပ်ရှားသူတွေနဲ့ တော်လှန်ရေးအဖွဲ့ ကိုယ်စားလှယ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ကပ္ပလီပင်လယ်ကမ်းရိုးတန်းမှာ ရေနက်ဆိပ်ကမ်းနဲ့ ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ စီမံကိန်းတွေ ပါဝင်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန် အနီးက ကျေးရွာတွေမှာ နယ်မြေရှင်းလင်း စစ်ဆင်ရေး လုပ်နေတာလို့ ဆိုပါတယ်။

သတင်းရင်းမြစ် နှစ်ခုရဲ့ အဆိုအရ စစ်အာဏာရှင်တပ်ဟာ ဇူလိုင်လကတည်းက ထားဝယ်မြို့ တည်ရှိရာ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တနင်္သာရီတိုင်းဒေသကြီး တောင်ပိုင်းကို တပ်အင်အား ရာပေါင်းများစွာကို စေလွှတ်ထားပြီး ဒီစစ်ဆင်ရေးမှာ ရုရှားလုပ် Su-30SME တိုက်လေယာဉ်တွေ အပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေက ပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က "စစ်တပ်က စစ်ကြောင်းထိုးလာပြီး ရှင်းလင်းရေးတွေ လုပ်နေတယ်။ တချို့ရွာတွေနဲ့ နေအိမ်တွေ မီးရှို့ခံလိုက်ရတယ်" လို့ ရိုက်တာကို ပြောပါတယ်။

ဇူလိုင် ၉ ရက်က ရေဖြူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ပွားပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး ဝန်ထမ်းသုံးယောက်ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းတခုဖြစ်တဲ့ MAGGA Initiative က ပြောပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ အခုလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ထားဝယ်ဒေသကို တောင်အာရှနဲ့ အနောက်အာရှတို့သို့ သွားရောက်နိုင်မဲ့ အလားအလာရှိတဲ့ တံခါးပေါက်တခုအဖြစ် မိတ်ဆက်ပြောကြားခဲ့ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ထိုင်းနိုင်ငံနဲ့ ဖက်စပ်လုပ်ငန်းအဖြစ် ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပေမဲ့ ဒေသခံပြည်သူတွေရဲ့ ကန့်ကွက်မှုနဲ့ ရန်ပုံငွေ လိုအပ်ချက်တွေကြောင့် ထားဝယ် SEZ လုပ်ငန်းတွေ  ၂၀၁၃ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ရပါတယ်။

ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှူးစတင်က "မြန်မာစစ်ကောင်စီဟာ ခုအခါမှာ သူ့ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ရုရှားရဲ့ ပံ့ပိုးမှုနဲ့အတူ ဒီစီမံကိန်းကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းနေပါတယ်။ ရုရှားကုမ္ပဏီတွေဟာ ထားဝယ် SEZ မှာ လုပ်ကိုင်ဖို့၊ ကုန်သွယ်ရေး တိုးချဲ့ဖို့နဲ့ အထူးသဖြင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေမှာ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးဖို့ စီစဉ်နေပါတယ်" လို့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းမှာ စစ်အာဏာရှင်တပ်ရဲ့ ဒုကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ တောင်ပိုင်းကို သွားရောက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ခရီးစဉ်ဟာ ထားဝယ်မှာ ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ဖို့ နားလည်မှုစာချွန်လွှာကို စိန့်ပီတာစဘတ်ရှိ ရုရှားကိုယ်စားလှယ်အဖွဲ့က လက်မှတ်ရေးထိုးခဲ့ပြီး ရက်ပိုင်းအကြာမှာ ပေါ်ပေါက်လာတာဖြစ်ပြီး ထားဝယ် အပါအဝင် နည်းဗျူဟာမြောက် စီမံကိန်းတွေကို ကာကွယ်ဖို့ တပ်ဖွဲ့ဝင်တွေကို ဒုတပ်ချုပ်က တိုက်တွန်းခဲ့ပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ လတ်တလော ရုရှားခရီးစဉ်အတွင်း မော်စကိုမှာ ကျင်းပခဲ့တဲ့ စီးပွားရေးဖိုရမ်မှာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ စစ်အာဏာရှင်ရဲ့ ပြောခွင့်ရသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013