DVB Logo
Home
မြန်မာသတင်း
CDM ဆရာ၊ ဆရာမများအား ခြိမ်းခြောက်မှု ရပ်တန့်ရန် ကျိုက်မရောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတိပေး
DVB
·
May 16, 2021
CDM ဆရာ၊ ဆရာမများအား ခြိမ်းခြောက်မှု ရပ်တန့်ရန် ကျိုက်မရောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတိပေး
Donate to DVB

အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ ဆရာ၊ဆရာမတွေအပြင် မိသားစုဝင်တွေအပေါ် ခြိမ်းခြောက်နေမှုကို ရပ်တန်းကရပ်ဖို့ ကျိုက်မရောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မေလ ၁၆ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

 ကျိုက်မရောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ CDM ဆရာ၊ ဆရာမတွေကို အကြမ်းဖက်စစ်အုပ်စု လက်ပါးစေတွေက ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် အကြမ်းဖက် စစ်အုပ်စုလက်ပါးစေတွေအနေနဲ့ မိမိတို့လုပ်ရပ်တွေကို ရပ်တန့်ခြင်းမရှိပါက ပြည်သူ့တရားစီရင်ရေး နည်းလမ်းအတိုင် အရေးယူသွားမယ်လို့ ဆိုပါတယ်။

ကျိုက်မရောမြို့နယ်မှာတော့ CDM လုပ်ဆောင်ထားတဲ့ ဆရာ၊ ဆရာမ ၃၀၀ ကျော်ကို အကြမ်းဖက် စစ်ကောင်စီက တာဝန်ကနေ ယာယီ ရပ်ဆိုင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013