DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် အကြမ်းဖက်စစ်တပ်က ငွေကောက်ပြီး တရားမဝင်ကျောက်စိမ်း တူးခွင့်ပြု
DVB
·
May 16, 2021
ဖားကန့်တွင်  အကြမ်းဖက်စစ်တပ်က ငွေကောက်ပြီး တရားမဝင်ကျောက်စိမ်း တူးခွင့်ပြု
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဖားကန့်ရတနာနယ်မြေမှာ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတပ်ဖွဲ့ဟာ ဒေသခံလုပ်ငန်းရှင်တချို့ရဲ့ တရားမဝင် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းတွေကို ဧပြီ ဒုတိယပတ်ကစပြီး လစဉ်ကြေးယူပြီး လုပ်ဆာင်ခွင့်ပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နယ်မြေခံတပ်မ ၃၃ နဲ့ တိုက်ခိုက်ရေးရဲတပ်ရင်းတွေဟာ ငွေကြေးအမြောက်အများကို လစဉ်ကြေးသဘောမျိုး ကောက်ခံပြီး ဒေသခံရေမဆေး လောပန်တွေ၊ ကုမ္ပဏီလုပ်ငန်းရှင်တချို့ကို စက်ယန္တရားတွေ အသုံးပြုပြီး တရားမဝင်ကျောက်စိမ်းတူးဖော်တာတွေကို လုပ်ဆောင်ခွင့် ပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရားမဝင်ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေကို မှော်စီစာ၊ မှော်မောင်းလျံ၊ မန၊ ရှရော်ခ၊ စပျစ်ခူး၊ မမုံကျေးရွာနောက်ကျောနဲ့ မက်လင်ချောင်ကျေးရွာနားက ဒေသအခေါ် YTT ကုန်းတို့မှာ တရားမဝင်တူးဖော်နေကြပါတယ်။

လက်ရှိ တရားမဝင်ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ YTT ကုန်းဟာ ၂၀၁၆ ခုနှစ် အစောပိုင်းက တန်ချိန် (၂၀၀)ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီးထွက်ရှိခဲ့တဲ့ နေရာဖြစ်ပြီး ပေ၂၀၀ ပတ်လည် တစ်ဧက လုပ်ကွက် တစ်ကွက်ကို သိန်းပေါင်း ၂သောင်းကနေ ၅ သောင်း အထိ ပေါက်ဈေး ရှိနေတာပါ။

အခုလို တရားမဝင်တူးဖော်နေမယ်ဆိုရင် နိုင်ငံတော်က အများကြီးနစ်နာနေတယ်လို့ ဌာနတိုင်းရင်းသားတွေနဲ့ဒေသခံတွေက ပြောဆိုနေကြပါတယ်။

တရားမဝင်ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းတွေကို ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ နောက်ပိုင်းမှာသာ စက်ယန္တရားအမြောင်အမြားနဲ့ ညစဉ်တူးဖော်နေတာဖြစ်ပါတယ်။

မက်လင်ချောင်ကျေးရွာအနီးက YTT ကုန်းက တရားမဝင်ကျောက်စိမ်းတူးဖော်မှု လုပ်ငန်း တွေကို မမုံကျေးရွာက လောပန်းကျော်ဝင်းနဲ့သူ့ရဲ့သားတို့က ဦးဆောင်လုပ်ကိုင်နေတာလို့ ရေမဆေးလောပန်းတစ်ဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013