DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ညမီးမထွန်းရန်နှင့် ဗုံးခိုကျင်းအတွင်းအိပ်ကြရန် KIA သတိပေး
DVB
·
September 22, 2026
Photo: TLM
Photo: TLM
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ရေးအခြေအနေကြောင့် ဒေသခံတွေ ညဘက် မီးမထွန်းကြဖို့နဲ့ ဗုံးခိုကျင်းတွေထဲမှာ နေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေး ဆော်ဩနေပါတယ်။

ယူမာရွာတကြောမှာ KIA နဲ့ စစ်အာဏာရှင်တပ်တို့ စစ်ရေးတင်းမာနေသလို ဗန်းမော်စစ်ရေး အခြေအနေတွေကြောင့် အရပ်သားတွေကို ပစ်မှတ်ထားလာနိုင်လို့ ဆိပ်မူကျေးရွာအုပ်စုဘက်မှာ ညဘက် မီးမထွန်းဖို့နဲ့ ဗုံးခိုကျင်းတွေထဲမှာ အိပ်ကြဖို့ KIA ရပ်ကွက်ကော်မတီက စက်တင်ဘာ ၂၁ ရက်ကစပြီး ဆော်ဩလာတာလို့ ဒေသခံတယောက်က ပြောပါတယ်။

“စစ်ရေးအရ တချို့ရွာတွေမှာတော့ ညဘက် မီးမထွန်းဖို့၊ ဗုံးခိုကျင်းထဲမှာ အိပ်ဖို့ ဆော်ဩထားတယ်။ ဗန်းမော်မှာ စစ်တပ်ဘက်က စစ်ရေးအရေးနိမ့်ထားတော့ အရပ်သားတွေကို ပစ်မှတ်ထားလာနိုင်လို့ ဆိုပြီး ဆော်ဩထားတာ။ ကျန်တာတော့ ပုံမှန်ပါပဲဗျ။ မနေ့ညကတော့ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ တချက်ပစ်တာတော့ ရှိတယ်။”

စစ်တပ်ရှိရာ ဖားကန့် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ တချက် လှမ်းပစ်ခတ်ပြီး ဘယ်ကို ကျရောက်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်အာဏာရှင်တပ်ဟာ မြေပြင်မှာစခန်းတွေ လက်လွှတ်ရပြီး စစ်ရေးအရ အရေးနိမ့်လာတဲ့အခါ ညဘက်တွေမှာ ဂျက်တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ အရပ်သားတွေရှိရာနေရာကို ဗုံးကြဲ တိုက်ခိုက်လေ့ရှိတာကြောင့် ညဘက် မီးထွန်းတာဟာ လေကြောင်းကနေ  ရှာဖွေရ လွယ်ကူတဲ့ ပစ်မှတ်ဖြစ်စေလို့ မီးမထွန်းဖို့ တားမြစ်တာ ဖြစ်ပါတယ်။

ဖားကန့်မြို့ကိုတော့ စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီးတော့ ဆိပ်မူကျေးရွာအုပ်စုဘက်အခြမ်းကိုတော့ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013