DVB Logo
Home
မြန်မာသတင်း
ထိုင်းက တရုတ်ထက် ကိုဗစ်-၁၉ ကူးစက်ခံရမှု ကျော်လွန်လာပြီး ၁ သိန်းနီးပါးရှိ
DVB
·
May 16, 2021
ထိုင်းက တရုတ်ထက် ကိုဗစ်-၁၉ ကူးစက်ခံရမှု ကျော်လွန်လာပြီး ၁ သိန်းနီးပါးရှိ
Donate to DVB

လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံဟာ ရောဂါဖြစ်ပွားမှု စတင်ရာ တရုတ်နိုင်ငံကို ကျော်လွန်လာခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူ အရေအတွက် ၁ သိန်းနီးပါးထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်မှု အမြင့်ဆုံးနိုင်ငံအဖြစ် အင်ဒိုနီးရှားနိုင်ငံက ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူဦးရေ ၁ ဒသမ ၇ သန်းကျော်နဲ့ သေဆုံးသူ ၄၈၀၀၀ နီးပါး၊ သူ့နောက်မှာတော့ ဖိလစ်ပိုင်နိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၁ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၁၉၀၀၀ ကျော်နဲ့ အသီးသီးရပ်တည်နေပါတယ်။

အဲဒီနောက်မှာတော့ မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၄ သိန်း ၆ သောင်းကျော်နဲ့ သေဆုံးသူ ၁၈၀၀ ကျော်၊ မြန်မာနိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၁ သိန်း ၄ သောင်းကျော်နဲ့ သေဆုံးသူ ၃၂၀၀ ကျော်စီ ရှိနေတာပါ။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု တတိယလှိုင်းနဲ့ ကြုံတွေ့နေရတဲ့ ထိုင်းနိုင်ငံကတော့ ရောဂါကူးစက်ခံရသူဦးရေ ၉ သောင်း ၉ ထောင်ကျော်နဲ့ သေဆုံးသူ ၅၆၅ ယောက်ရှိနေပြီး အာဆီယံနိုင်ငံတွေထဲ ကိုဗစ်-၁၉ ကူးစက်မှု အမြင့်ဆုံး အဆင့် ၅ ဖြစ်လာခဲ့ပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်းကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက် ရှိနေတာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူဦးရေ ၆ သောင်း ၁ ထောင်ကျော်နဲ့ သေဆုံးသူ ၃၁ ယောက်ရှိနေတာပါ။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂ သောင်း ၁ ထောင်ကျော်နဲ့ သေဆုံးသူ ၁၄၇ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၈၀၀ ကျော်နဲ့ သေဆုံးသူအရေအတွက် ၃၆ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၃၂ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံရသူအရေအတွက် ၁၅၇၀ နဲ့ သေဆုံးသူ ၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ ၁၆၂ ဒသမ ၆ သန်းကျော်၊ သေ ဆုံးသူ ၃၃ သိန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ သန်း ၁၄၀ ကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၃ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၆ သိန်းနီးပါး ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယ နိုင်ငံက ကူးစက်ခံရသူ ၂၄ သန်းကျော်၊ သေဆုံးသူ ၂ သိန်း ၆ သောင်းကျော်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013