DVB Logo
Home
မြန်မာသတင်း
ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတိပေးချက်ထုတ်
DVB
·
May 15, 2021
ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတိပေးချက်ထုတ်
1 / 2
Donate to DVB

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chanmyatharsi Township Defence Force – CFDF) က မြို့နယ်တွင်း နေထိုင်တဲ့ လူထုကို သတိပေးစာတစ်ခု မေ ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

CFDF အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတွေ၊ သူတို့ကို ကူညီအားပေးနေတဲ့ သတင်းပေး ဒလန်တွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်မည်ဖြစ်ပြီး ဒလန်တွေအနေနဲ့  အလင်းမဝင်ဘဲ ဆက်လက်လုပ်ဆောင်နေပါက သူတို့နဲ့သူတို့ မိသားစုအသက်ကို အာမခံမည်မဟုတ်ဘူးလို့  အသိပေးထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် မြို့နယ်လူထုအနေနဲ့ အကြောင်းမဲ့အပြင်ထွက်တာ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ အချိန်ဖြုန်းတာတွေကို အတတ်နိုင်ဆုံးရှောင်ဖို့ သတိပေးထားပါတယ်။

 အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာ့အချုပ်အခြာကို အဓမ္မသိမ်းယူပြီး ဒါကိုလက်မခံတဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ အကြမ်းဖက် သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ ဓားပြတိုက်တာ စတဲ့ လုပ်ရပ်တွေကို လုံးဝခွင့်လွှတ်မှာ မဟုတ်ဘဲ၊ ရရာနည်းနဲ့ တိုက်ခိုက်သွားမယ်လို့  CSDF ရဲ့ ကြေညာချက်အရ သိရပါတယ်။ 

ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chanmyatharsi Township Defence Force–CFDF) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF တို့ရဲ့ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်တွေကို လေးစားလိုက်နာပြီး အတူတကွ လက်တွဲလုပ်ဆောင်သွားမယ်လို့လည်း ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013