DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုမြို့နယ်က ဆရာ၊ ဆရာမ ‌၅၇၉ ဦး တာဝန်မှ ရပ်နားခံရ
DVB
·
May 14, 2021
ကျိုက်ထိုမြို့နယ်က ဆရာ၊ ဆရာမ ‌၅၇၉ ဦး တာဝန်မှ ရပ်နားခံရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က အာဏာဖီဆန်ရေး (CDM) လုပ်ဆောင်ထားတဲ့ အခြေခံပညာကျောင်း ဆရာ၊ ဆရာမ ၅၇၉ ဦး တာဝန်ကနေ ယာယီရပ်ဆိုင်းခံလိုက်ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမတွေကို အကြောင်းပြချက်မရှိဘဲ တာဝန်ပျက်ကွက်တာ၊ ခွင့်စည်းကမ်း ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မေ ၁၄ ရက်နေ့မှာ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်တာပါ။

တာဝန်မှ ယာယီရပ်ဆိုင်းခံရတဲ့ ဆရာ၊ ဆရာမတွေထဲမှာ အထက်တန်းပြ၊ အလယ်တန်းကျောင်းအုပ်ကြီး အဆင့်တွေအပြင် မူလတန်းပြနဲ့ လုပ်သားအဆင့် ဝန်ထမ်းတွေပါ ပါဝင်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ ‌ CDM ဆရာ၊ ဆရာမတွေကို မေလ ဒုတိယအပတ်ကစပြီး တာဝန်မှ ယာယီရပ်ဆိုင်းနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013