ပြည်သူ့ကာကွယ်ရေးတပ် (PDF)နှင့် ပူးပေါင်းပါဝင်ကြရန် မန္တလေးတွင် လှုံ့ဆော်
DVB
·
May 14, 2021

ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေ မိမိအနီးအနား ပတ်ဝန်းကျင်မှာ ရှိလာခဲ့ပါက ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်ပူးပေါင်းတော်လှန်ကြဖို့ လှုံ့ဆော်မေတ္တာရပ်ခံစာ တွေကို မေ ၁၄ရက် နေ့လယ်ပိုင်းက မန္တလေးမြို့လယ် (၃၅)လမ်းမကြီးပေါ်မှာ ကြဲခဲ့ပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းက လုံးဝအုပ်ချုပ်ခွင့်မရစေရလို့ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့တဲ့ မန္တလေးအခြေစိုက် တကသ စစ်ကြောင်းနဲ့အတူ Defense Team Mandalay က ပါဝင်ဆန္ဒပြရင် လှုံ့ဆော်မေတ္တာရပ်ခံစာတွေ ကြဲချခဲ့တာ ဖြစ်ပါတယ်။