DVB Logo
Home
မြန်မာသတင်း
ဝေဖန်ခံနေရသည့် မြန်မာဘောလုံးအသင်း ဂျပန်နိုင်ငံ ထွက်ခွာမည်
DVB
·
May 14, 2021
ဝေဖန်ခံနေရသည့် မြန်မာဘောလုံးအသင်း ဂျပန်နိုင်ငံ ထွက်ခွာမည်
Donate to DVB

ဂျပန်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမယ့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ မေလ၁၅ရက် မှာ ဂျပန်နိုင်ငံကို ထွက်ခွာမယ်လို့ သိရပါတယ်။

လက်ရှိ စစ်အာဏာသိမ်းသထားတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် စစ်အုပ်စုကိုကိုယ်စားပြုပြီး ပြိုင်ပွဲမကစားဖို့ ပရိသတ်တွေက ဆန္ဒရှိနေချိန်မှာ ဘောလုံးအဖွဲ့ချုပ်နဲ့ ကစားသမားအများစုက ပြိုင်ပွဲသွားမယ့်အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်လောက်ကတည်းက  လူတွေမသိအောင် လေ့ကျင့်မှုတွေ စတင်ခဲ့တဲ့ မြန်မာဘောလုံးအသင်းနဲ့ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း သတင်းထုတ်ပြန်ချက်တစ်စုံတရာ ထုတ်ပြန်ထားတာမရှိပါဘူး။

အသင်းလူစာရင်းမှာ အဓိကကစားသမားတွေ အများစုပါဝင်ပေမဲ့ ရန်ကုန်ယူနိုက်တက်က အမာခံ ကစားသမား ၂ ဦးနဲ့ ရှမ်းယူနိုက်တက်က ကစားသမား ၂ ဦးကတော့ အသင်းကနေ နုတ်ထွက်ခဲ့ပါတယ်။ ပြည်ပမှာထွက်ကစားနေသူတွေလည်း မြန်မာအသင်းမှာ ပါဝင်ကစားဖို့ရှိတယ်လို့ ကစားသမားတွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

"သူတို့ကို အဖွဲ့ချုပ်က ဘာမှတော့ အကျပ်ကိုင်ပြီး မကစားခိုင်း ဘူးဆိုပေမဲ့ ရေရှည်စဉ်းစားရင် MFF ကိုလွန်ဆန်ဖို့ ကစားသမားတွေ ဘက်မှာအခက်အခဲရှိပါတယ်။ နုတ်ထွက်ခဲ့တဲ့ ၄ ဦးကတော့ စခေါ်တဲ့အချိန်ကတည်းက သွားမပူးပေါင်းခဲ့တာပါ။ ကစားသမား ၂၃ ဦးခေါ်သွားမယ်လို့ သိရပြီး အပြီးသတ်စာရင်းကနေ ဖယ်ရှားခံလိုက်ရတဲ့ ကစားသမားတွေလည်း ရှိပါတယ်"လို့ ပြောပါတယ်။

ဂျပန်ရောက်မြန်မာ့အရေးလှုပ်ရှားသူတွေကလည်း မြန်မာဘောလုံးအသင်းလာရောက်မှာကို ကန့်ကွက်ဖို့ စီစဉ်နေကြပါတယ်။ 

မြန်မာအသင်းက မေလ ၂၈ ရက်မှာ ဂျပန်နဲ့ ကစားအပြီး ကာဂျစ်ကစ္စတန်နဲ့ အိမ်ကွင်းပွဲစဉ်က ကစားရမှာဖြစ်ပေမဲ့ ဂျပန်မှာပဲ အိမ်ကွင်းအဖြစ် ဆက်ကစားသွားမှာဖြစ်ပါတယ်။

မြန်မာဘောလုံးသမားတွေဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်းက စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြပွဲတွေလည်း နေ့စဉ်ဆက်တိုက် လုပ်ဆောင်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013