DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား ကမ္ဘောဇဘဏ်ခွဲ (၁) ရှေ့ ဗုံးပေါက်ကွဲ
DVB
·
May 14, 2021
မြစ်ကြီးနား ကမ္ဘောဇဘဏ်ခွဲ (၁) ရှေ့ ဗုံးပေါက်ကွဲ
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ(၁)ရှေ့ စစ်တပ်က လုံခြုံရေးယူထားရာနေရာမှာ  မေလ ၁၄ ရက် မနက် ၆ နာရီလောက်က  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ လုံခြုံရေး စစ်သားတစ်ယောက်ဒဏ်ရာရရှိပြီး အိမ်စီးကားနဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ အနီးပတ်ဝန်းကျင်နေသူတွေထံကနေ သိရပါတယ်။

မြစ်ကြီးနားဒေသခံတွေကတော့  ဘဏ်က ATM စက်မှာ ပိုက်ဆံလာမထုတ်ရဲအောင် အာဏာသိမ်းစစ်တပ်က လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

မေလ ၁၃ ရက်ည ၁၀ နာရီကျော်ကလည်း မြစ်ကြီးနားမြို့၊ အကျဲကျေးရွာအနီးမှာ လက်နက်ကြီးပေါက်ကွဲသံတွေ အချက် ၂၀ ကျော် ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013