
မကွေးတိုင်း၊ ချောက်မြို့နယ်အနီးမှာ မေလ ၁၃ ရက် မနက် ၁၀ နာရီခွဲလောက်က ရစ်ခ်ျတာစကေး ၄ ဒသမ ၅ ရှိ ငလျင်တခု လှုပ်ခတ်သွားတယ်လို့ အိန္ဒိယ အမျိုးသား ငလျင်ဗေဒစင်တာ (NCS) က ထုတ်ပြန်ပါတယ်။
ငလျင်ဟာ ဗဟိုချက်အောက် ၁၇၈ ဒသမ ၇ ကီလိုမီတာအနက်ကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်ဖြစ်ပါတယ်။ ငလျင်ဗဟိုနဲ့နီးတဲ့ မြို့တွေမှာလည်း အင်အားနည်းတဲ့ ငလျင်တွေ လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။
ငလျင်ဗဟိုချက်မှ ၄၇ ကီလိုမီတာအကွာရှိ ချောက်မြို့နယ်၊ ၆၁ ကီလိုမီတာအကွာရှိ ရေနံချောင်းမြို့နယ်တွေမှာ အလွန်အင်အားနည်းပါးစွာ ငလျင်လှုပ်ခတ်သွားပြီး ၈၄ ကီလိုမီတာအကွာက မင်းဘူး၊ ၉၀ ကီလိုမီတာအကွာက မကွေးနဲ့ ၉၆ ကီလိုမီတာအကွာက ပခုက္ကူမြို့တို့မှာတော့ ငလျင်လှုပ်သွားတယ်ဆိုတာတောင် မခံစားလိုက်ရဘူးလို့ ဆိုပါတယ်။