DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းရက် ၁၀၀ အတွင်း မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု အတော်များများ ကျူးလွန်ခဲ့ဟု ကုလအကြီးအကဲပြော
DVB
·
May 13, 2021
စစ်အာဏာသိမ်းရက် ၁၀၀ အတွင်း မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု အတော်များများ ကျူးလွန်ခဲ့ဟု ကုလအကြီးအကဲပြော
Donate to DVB

မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၁၀၀ အတွင်းမှာ ရာနဲ့ချီတဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့ပြီး မတရား ဖမ်းဆီးမှုတွေနဲ့ တခြား လူ့အခွင့်အရေးချိုးဖောက်မှု အတော်များများကို ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတာရက်စ်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထုတ်ပြန် ကြေညာပါတယ်။

ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့နဲ့ တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် ပိုမိုကောင်းမွန် အကျိုးရှိအောင် လုပ်ဆောင်ဖို့လည်း မြန်မာစစ်တပ်ကို တိုက်တွန်းလိုက်ပါတယ်။

အာဆီယံအနေနဲ့လည်း ထုတ်ပြန်ထားတဲ့ ကတိကဝတ်တွေကို လိုက်နာကျင့်သုံးဖို့၊ ဒေသတွင်း အားထုတ်ကြိုးပမ်းမှုတွေကို နိုင်ငံတကာက အားပေးထောက်ခံဖို့နဲ့ စစ်တပ်ရဲ့ဖိနှိပ်မှုတွေကို အဆုံးသတ်အောင် အာဆီယံက မြန်မြန်လုပ်ဆောင်ဖို့ ပြောဆိုပါတယ်။ 

ဒါ့အပြင် တိုးလာတဲ့ လူသားချင်း စာနာထောက်ထားတဲ့ လိုအပ်ချက်တွေကို ဖြေရှင်းပေးကြဖို့လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် ခရစ္စတင်း ရှရာနာ ဘာဂန်နာဟာလည်း မြန်မာနိုင်ငံကို သွားခွင့်မရသေးဘဲ အာဆီယံ ဒေသတွင်းမှာ ရှိနေတာပါ။ 

မြန်မာနိုင်ငံ အကျပ်အတည်းရဲ့ ပိုမိုကျယ်ပြန့်လာတဲ့ နောက်ဆက်တွဲရလဒ်တွေကို ထည့်သွင်းစဉ်းစားတာ အပါအဝင် အဓိက သက်ဆိုင်သူတွေနဲ့အတူ အမျိုးမျိုးသော ဆွေးနွေးညှိနှိုင်းမှုတွေကို ဆက်လက် လုပ်ဆောင်နေပြီး အထူးသံတမန်ဟာ နိုင်ငံတကာ အရေးယူဆောင်ရွက်ချက်ကို တပေါင်းတစည်းထဲဖြစ်အောင် ဆက်လက် တိုးမြှင့်ဆောင်ရွက်နေတယ်လို့လည် ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ မြန်မာပြည်သူလူထုနဲ့အတူ ဆက်လက် ရပ်တည်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013