DVB Logo
Home
မြန်မာသတင်း
မလေးရှားမှတရားမဝင်ပြန်လာသည့် မြန်မာ ၁၀ ဦး တက္ကစီကားပေါ်ဖမ်းဆီးခံရ
DVB
·
May 11, 2021
မလေးရှားမှတရားမဝင်ပြန်လာသည့် မြန်မာ ၁၀ ဦး တက္ကစီကားပေါ်ဖမ်းဆီးခံရ
Donate to DVB

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဆဒေါင်းမြို့နယ်ထဲမှာ မလေးရှားကနေ တရားမ ဝင်ပြန်လာတဲ့  မြန်မာ ၁၀ ယောက်နဲ့ တက္ကစီကားမောင်းသူ ၂ ယောက် ဖမ်းဆီးခံရတယ်လို့ မန်နေဂျာ အွန်လိုင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

သူတို့တွေဟာ မလေးရှားနယ်စပ်ကနေ ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့ထဲဝင်ရောက်လာစဉ် စစ်ဆေးရေးနဲ့တွေ့ပြီး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ 

တက္ကစီသမားရဲ့ဖွင့်ဟဝန်ခံချက်အရ ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က အဆိုပါမြန်မာတွေကို ဆဒေါင်းမြို့နယ် ဆမ်နတ်ခန်အုပ်စုရှိ ထိုင်းမလေးနယ်စပ်ခြံစည်းရိုးနားကနေ လာကြိုပြီး ဟတ်ယိုင်မြို့ နာရီစင်ထိပို့ပေးဖို့ အမျိုးသမီး ၁ ဦးက ဆက်သွယ်လာကြောင်း၊ ကားခ ၁ ဦးလျှင် ဘတ် ၁၅၀၀ နဲ့ သဘောတူပြီး တက္ကစီ ၁ စီးကို ၅ ယောက်ကျ တက္ကစီ ၂ စီးနဲ့ တင်ဆောင်လာစဉ် အဖမ်းခံရတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံသူတွေက သူတို့ဟာ မလေးရှားမှာသွားရောက်အလုပ်လုပ်ပေမယ့် ကိုဗစ်-၁၉ ရောဂါပြန့်ပွါးမှုကြောင့် မလေးရှားအစိုးရကလည်း တရားမဝင်အလုပ်သမားတွေကို ပြင်းပြင်းထ န်ထန် ဖမ်းဆီးအရေးယူနေကြောင်း၊ ဒါကြောင့် သူတို့ဟာ ထိုင်းကနေတဆင့် မြန်မာပြည်ပြန်ဖို့  ပွဲစားအဆက်အသွယ်နဲ့ လူ ၁ ဦးကို မလေးရှားငွေ ၃၀၀၀ ရင်းဂစ် ( ထိုင်းဘတ်ငွေ ၃ သောင်းနီးပါး) ပေးပြီး ပြန်လာကြကြောင်း၊  လာကြိုမယ့်သူက နာရီစင်မှာ  လာစောင့်ခိုင်းတာမို့ အဲဒီကိုသွားဖို့ တက္ကစီ စီးစဉ် အဖမ်းခံရတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကနဦးအပူချိန်နဲ့ ကိုဗစ်-၁၉ စစ်ဆေးပြီး ၁၄ ရက်ကွာရန်တင်းဝင်စေကာ ကိုဗစ်-၁၉ ဥပဒေ၊ တရားမဝင် ဝင်ရောက်မှုဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

တက္ကစီမောင်းသမား ထိုင်းလူမျိုး ၂ ဦးမှာလည်း တရားမဝင်သူတွေ တင်ဆောင်မှု၊ အကာအကွယ်ပေးမှုတွေနဲ့ အရေးယူခံရမှာဖြစ်ပါတယ်။ 

လတ်တလော မလေးရှားနိုင်ငံမှာ အိန္ဒိယနဲ့ အာဖရိကတိုက်မှာ တွေ့ရှိတဲ့ ကိုဗစ်-၁၉ ရောဂါပိုးမျိုးစိပ်တွေ ကူးစက်နေတာမို့ ထိုင်း-မလေးနယ်စပ်ကို တင်းကြပ်စွာ စစ်ဆေးနေတာလို့ သတင်းမှာ ဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013