စစ်အုပ်စုက ဖမ်းဆီးထားသည့် ရာအိမ်မှူးဟောင်း ၁၀ ရက်ကြာသည်အထိ မလွတ်သေး
DVB
·
May 8, 2021

မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဧပြီ ၂၈ ရက်ညက အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့တဲ့ ကျောက်ဖားရပ်ကွက်နေ ရာအိမ်မှူးဟောင်းဟာ ၁၀ ရက်ကြာတဲ့အထိ မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရာအိမ်မှူးဟောင်း ဦးအောင်ဟာ မိုးကုတ်မြို့ အဝင်အထွက်နေရာကို ကန်ထရိုက်ဆွဲပြီး ဂိတ်လုပ်နေတဲ့ ဂိတ်မှူးတစ်ယောက်လည်းဖြစ်ကာ ဘာအကြောင်းနဲ့ဖမ်းတယ်ဆိုတာ ဒီနေ့အထိ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက ညပါမက နေ့ခင်းဘက်တွေမှာပါ လူနေရပ်ကွက်တွေထဲ အင်အားအလုံးအရင်းနဲ့ ဝင်တာကြောင့် ပြည်သူတွေဟာ စိုးရိမ်ကြောက်လန့် နေကြတယ်လို့ သိရပါတယ်။










