DVB Logo
Home
မြန်မာသတင်း
NUG အစိုးရဘဏ္ဍာရေး ကော်မရှင်ဖွဲ့စည်း
DVB
·
May 7, 2021
NUG အစိုးရဘဏ္ဍာရေး ကော်မရှင်ဖွဲ့စည်း
Donate to DVB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ( NUG) က ဘဏ္ဍာရေး ကော်မရှင်ဖွဲ့စည်းကြောင်း မေလ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

 NUG အစိုးရအဖွဲ့ဟာ အစိုးရရဲ့ ဘဏ္ဍာရေးနဲ့ အရ/အသုံးစရိတ် မူဝါဒတွေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ဖို့နဲ့ ဘဏ္ဍာငွေရှာဖွေ ခွဲဝေသုံးစွဲမှု ဆိုင်ရာကိစ္စရပ်တွေကို စီမံခန့်ခွဲ ဆုံးဖြတ်နိုင်ဖို့ ဘဏ္ဍာရေး ကော်မရှင်ဖွဲ့စည်း လိုက်တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် ဒုသမ္မတ ဒူဝါလရှီလ၊ ဒု ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အတွင်းရေးမှူး စီမံဘဏ္ဍာနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်နဲ့ အဖွဲ့ဝင် အဖြစ် ပြည်ထောင်စုဝန်ကြီး ၁၁ ဦးပါဝင်ဖွဲ့စည်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013