DVB Logo
Home
မြန်မာသတင်း
ထိုင်းက စင်ကာပူကို ကျော်လွန်ပြီး အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကူးစက်မှုအမြင့်ဆုံး အဆင့် ၅ ဖြစ်လာ
DVB
·
May 6, 2021
ထိုင်းက စင်ကာပူကို ကျော်လွန်ပြီး အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကူးစက်မှုအမြင့်ဆုံး အဆင့် ၅ ဖြစ်လာ
Donate to DVB

လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံဟာ ဒေသတွင်း စင်ကာပူနိုင်ငံကို ကျော်လွန်ကာ အာဆီယံနိုင်ငံတွေထဲ ကိုဗစ်-၁၉ ကူးစက်မှု အမြင့်ဆုံး အဆင့် ၅ ဖြစ်လာခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေထဲ ကိုဗစ်-၁၉ သန်းချီကူးစက်မှု အမြင့်ဆုံးနိုင်ငံအဖြစ် အင်ဒိုနီးရှားနိုင်ငံက ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူဦးရေ ၁ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၄၆၀၀၀ ကျော်၊ သူ့နောက်မှာတော့ ဖိလစ်ပိုင်နိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၁ သန်းကျော်နဲ့ သေဆုံးသူ ၁၇၀၀၀ ကျော်နဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီနောက်မှာတော့ မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၄ သိန်း ၂ သောင်းကျော်နဲ့ သေဆုံးသူ ၁၆၀၀ နီးပါး၊ မြန်မာနိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၁ သိန်း ၄ သောင်းကျော်နဲ့ သေဆုံးသူ ၃၂၀၀ ကျော်စီ ရှိနေတာပါ။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု တတိယလှိုင်းနဲ့ ကြုံတွေ့နေရတဲ့ ထိုင်းနိုင်ငံကတော့ ရောဂါကူးစက်ခံရသူဦးရေ ၇ သောင်း ၆ ထောင်ကျော်နဲ့ သေဆုံးသူ ၃၃၆ ယောက်ရှိနေပြီး ရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံကို ကျော်တက်သွားခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူဦးရေ ၆ သောင်း ၁ ထောင်ကျော်နဲ့ သေဆုံးသူ ၃၁ ယောက်ရှိနေတာပါ။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၇၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၁၄ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃ ထောင် ကျော်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၂၈ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံရသူ ၁၀၇၂ ယောက် ရှိနေပေမယ့် သေဆုံး လူနာ ခုချိန်ထိ မရှိသေးပါဘူး။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ ၁၅၅ ဒသမ ၈ သန်းကျော်၊ သေ ဆုံးသူ ၃၂ သိန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ ၁၃၃ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၃ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၅ သိန်း ၉ သောင်းကျော် ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၂၁ သန်းကျော်၊ သေဆုံးသူ ၂ သိန်း ၃ သောင်းကျော်နဲ့ ရှိနေ တာ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၉ သောင်းကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အ မှတ်စဉ် ၉၆ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013