DVB Logo
Home
မြန်မာသတင်း
ဘန်ကောက် ဖျော်ဖြေရေးဆိုင်မှ မြန်မာလုပ်သား ၁၄ ဦး နှင့် အလုပ်ရှင် ၂ ဦး ဖမ်းဆီးခံရ 
DVB
·
July 8, 2026
Photo :  Matichon News
Photo : Matichon News
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ပထုမ်ဝမ်းနယ်မြေရှိ ဖျော်ဖြေရေးဆိုင် ၂ ဆိုင်မှာ အလုပ်သမားဥပဒေနဲ့ မညီ ညွတ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ယောက်နဲ့ အလုပ်ရှင် ထိုင်း ၂ ယောက်တို့ကို ဖမ်းဆီး အရေးယူခဲ့ကြောင်း ထိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဇူလိုင် ၆ ရက်မှာ ထုတ်ပြန် ပါတယ်။ 

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ချုပ် နိုင်းဆုမ်ချိုင်း မော်လကွတ်ဆီဝမ်းက  အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနအနေနဲ့  အလုပ်သမားတို့ကြား တရား မျှတမှုရှိစေဖို့၊ ထိုင်းနိုင်ငံသားတွေအတွက်သာ ချန်ထားတဲ့ လုပ်ငန်းတွေကို ရွှေ့ပြောင်းလုပ် သားတွေ လုပြီးလုပ်နေတဲ့ ပြဿနာတွေကို ကာကွယ်ဖို့အတွက် ဥပဒေနဲ့ အညီ တင်းတင်းကျပ်ကျပ်  စီမံ ကွပ်ကဲနေတယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၅ ရက်နေ့ကလည်း အလုပ်သမားရုံး၊ အမှတ် ၁ တိုင်းဒေသ စစ်တပ်၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့၊ လုမ္ပဏီနယ်မြေရဲတပ်ဖွဲ့ နဲ့ တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ပထုမ်ဝမ်းနယ်မြေက ဖျော်ဖြေရေးဆိုင် (ကာရာအိုကေ၊ စားသောက်ဆိုင်) ၂ ဆိုင်ကို သွားရောက် စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။ 

ပထမတဆိုင်ကနေ ခွင့်ပြုချက်မရတဲ့ လုပ်ငန်းအမျိုးအစားမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁ ယောက်၊ ဒုတိယဆိုင်မှာ အလုပ်သမားကတ်မရှိဘဲ အလုပ်လုပ်နေသူ မြန်မာအမျိုးသမီး ၂ ယောက်၊ နေထိုင်ခွင့် ဗီဇာသက်တမ်းကုန်ပြီး အလုပ်ရှင် အလုပ်နေရာ ပြောင်းလဲတာကို ၁၅ ရက်အတွင်း သတင်းပို့ဖို့ ပျက်ကွက်ခဲ့သူ မြန်မာအမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၄ ယောက်တို့ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ထိုင်းအလုပ်ရှင် ၂ ယောက်ကိုလည်း ဥပဒေက ခွင့်မပြုတဲ့လုပ်ငန်းမှာ ရွှေ့ပြောင်း လုပ်သား ကို စေခိုင်းမှု၊ အလုပ်သမားကတ်မရှိသူကို ခန့်ထားမှု၊ အလုပ်ရှင် အလုပ်နေရာ ပြောင်းလဲခြင်းကို ၁၅ ရက်အတွင်း သတင်းပို့ဖို့ ပျက်ကွက်မှုတွေနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့  ပြောပါတယ်။ 

ထိုင်းမှာ လာရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်သမားကတ် ရှိရမယ့်အပြင် အလုပ်သမားဥပဒေကိုလည်း လိုက်နာရမယ်။ မလိုက်နာဘဲ ဥပဒေချိုးဖောက်တယ်ဆိုရင် ဒဏ်ငွေ အနည်းဆုံး ဘတ် ၅, ၀၀၀ မှ ၅၀,၀၀၀ ထိကျခံရမှာဖြစ်ပြီး ပြည်နှင်ဒဏ်ပေးခံရမယ်၊ ထိုင်းနိုင်ငံထဲ ၂ နှစ်ထိ အလုပ်သမားကတ်လျှောက်ထားခွင့် ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။ 

ဥပဒေနဲ့မညီတဲ့ လုပ်သားတွေကို လက်ခံထားတဲ့၊ ဥပဒေနဲ့မညီတဲ့လုပ်ငန်းတွေ ခိုင်းစေတဲ့ အလုပ်ရှင်တွေဟာလည်း လုပ်သား ၁ ယောက်စီအတွက် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ထိ ပေးဆောင်ရမယ်၊ အဲဒီအမှုကို နောက်ထပ်ကျူးလွန်ရင် လုပ်သား ၁ ယောက်အတွက် ထောင်ဒဏ် ၁ နှစ် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမှာဖြစ်တယ်၊ ဒါ့အပြင် ရွှေ့ပြောင်းလုပ်သား ငှါးရမ်းခွင့် ၃ နှစ်တာ ပိတ်ပင်ခံ ရမယ်လို့ အလုပ်သမား ညွှန်ချုပ်က ပြောပါတယ်။  

ဥပဒေနဲ့အညီလုပ်ကိုင်ခြင်းမရှိတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ တွေ့ရှိပါက အလုပ်သ မားရှာဖွေခန့်ထားရေးဦးစီးဌာန ဖုန်း ၀၂ ၃၄၅ ၁၃၈၆ ဒါမှမဟုတ် ဘန်ကောက် နယ်မြေ ၁- မှ ၁၀ အလုပ်သမားရုံးနဲ့ အရေးပေါ်ဖုန်းလိုင်း ၁၅၀၆ လိုင်းခွဲ ၂ ကို သတင်းပေးတိုင်ကြားနိုင်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကြေညာထားပါတယ်။ 

Source: ထိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာန / Matichon News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013