Home
မြန်မာသတင်း
မြန်မာပြည်သူများကို အားပေးသည့် စာရေးသားလှုပ်ရှားမှု ဂျပန်နိုင်ငံသားများ ပြုလုပ်
DVB
·
May 5, 2021
Japan writing 1
Japan writing 2
Japan writing 3
Japan writing 4
Japan writing 5
Japan writing 6
Japan writing 7
Japan writing 8
Japan writing 9
Japan writing 10
Japan writing 11
Japan writing 12
Japan writing 13
Japan writing 14
Japan writing 15

အကြမ်းဖက်စစ်အာဏာရှင်လက်အောက်မှာ မြန်မာပြည်သူတွေနေ့စဉ် အနိုင့်ကျင့် သတ်ဖြတ် နှိပ်စက်ခံနေရတာကို ဂျပန်ပြည်သူတွေက သိရှိပြီး အားပေးတဲ့ စာရေးသားလှုပ်ရှားမှု ကမ်ပိန်းကို  မေလ ၂ ရက်က တိုကျို Musashi koganei မူဇရှိခိုခနဲအိဘူတာမှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာပြည်သူတွေက စစ်အာဏာရှင်ကို လက်မလျှော့ပဲ ကြံ့ကြံ့ခံတော်လှန်နေတာကို အားပေးတဲ့ ဂျပန်စကားကို  မြန်မာလိုပြန်ရေးပြီး ဓာတ်ပုံရိုက်ဖြန့်ချိတဲ့ လှုပ်ရှားမှုဖြစ်ပြီး ခိုခနဲအိ တိုင်းလွှတ်တော် အမတ်မစ္စ Katayama Kaoru နဲ့ မြို့နယ်ကောင်စီဝင်တွေကလည်း ဒီလှုပ်ရှားမှုမှာ ပါဝင်ကူညီခဲ့ပါတယ်။ 

ဂျပန်ပြည်သူတွေဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့နေ့ကစလို့ မြန်မာနိုင်ငံအကြောင်း ရုပ်သံကနေတဆင့်တွေ့ မြင်သိနေရလို့ စာနာ သနားနေမိကြောင်းနဲ့ အခုလိုသူတို့ရဲ့ အားပေးစကား ကို မြန်မာပြည်သူတွေထံ သတင်းစကားပေးပို့ခွင့်ရလို့ ဝမ်းသာမိတယ်လို့မျက်ရည်တွေကျပြီး ပြောခဲ့ကြတဲ့ ဂျပန်လူမျိုးတွေလည်း ရှိပါတယ်။

ဒီလှုပ်ရှားမှုမှာ လုပ်အားပေးပါဝင်သူတဦးဖြစ်တဲ့ မခင်စန္ဒာက မြန်မာနိုင်ငံကိုချစ်တဲ့ ဂျပန်လူမျိုး ကိုမျိုးမျိုးလို့ခေါ်တဲ့ မစ္စတာ စူဇူခီးအပါအဝင်မြန်မာနိုင်ငံကိုချစ်တဲ့ ဂျန်လူမျိုးတွေနဲ့ ပူးပေါင်း ပြုလုပ်ကြတာဖြစ်ပြီး အခုလို တိုကျိုက လူစည်ကားတဲ့နေရာတွေမှာ လုပ်တာ ဒုတိယအကြိမ်လို့လည်း ပြောပြပါတယ်။

စစ်အာဏာရှင်လက်အောက်  မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ အခြေအနေတွေကို ထင်ဟပ်တဲ့ ဓာတ်ပုံပြပွဲကိုလည်း ဂျပန်လူမျိုးအငြိမ်းစားကျောင်းဆရာ ဦးကျော်က မြို့နယ်နေ့ ဂျပန်ပြည်သူတွေကို ရှင်းလင်းပြခဲ့တဲ့ပွဲလည်း ပူးတွဲကျင်းခဲ့ပါတယ်။

အကြဖမ်းဖက်စစ်အုပ်စု လက်အောက်မြန်မာပြည်သူတွေခံစားနေရတာတွေ ဂျပန်ပြည်သူတွေသိရှိအောင် တခြားမြို့နယ်တွေမှာလည်း အလားတူ လှုပ်ရှားမှုတွေ ဆက်လက် ပြုလုပ်သွားမယ်လို့လည်း ဦးဆောင်သူ မစ္စတာစူဇူခီး က ဒီဗွီဘီကို ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ- ဇော်ဇော်လှိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024