DVB Logo
Home
မြန်မာသတင်း
တာချီလိတ်သတင်းအေဂျင်စီကို အကြမ်းဖက်စစ်ကောင်စီက လုပ်ငန်းပိတ်သိမ်း
DVB
·
May 5, 2021
တာချီလိတ်သတင်းအေဂျင်စီကို အကြမ်းဖက်စစ်ကောင်စီက လုပ်ငန်းပိတ်သိမ်း
Donate to DVB

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းအခြေစိုက် တာချီလိတ်သတင်းအေဂျင်စီကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကနေ လုပ်ငန်း ပိတ်သိမ်းလိုက်တယ်လို့ တာချီလိတ်သတင်းအေဂျင်စီက  ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။ 

တာချီလိတ်သတင်းအေဂျင်စီလုပ်ငန်းကို ၂၀၂၁ ဧပြီ ၂၀  ရက်မှ စတင်ပိတ်သိမ်းကြောင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အကြောင်းကြားလာတဲ့အပြင် ဖေဖေါ်ဝါရီ ၉ ရက်နေ့မှစတင်ကာ ပူးတွဲတည်ထောင်သူ ၂  ဦး အပါအဝင် သတင်းအေဂျင်စီရဲ့ သတင်းသမား ၅ ဦးကိုလည်း မတရား အမှုဖွင့်ကာ ဖမ်းဆီးဖို့ ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ် ။

တာချီလိတ်မြို့မှာ အခြေစိုက်ပြီး ဒေသအသီးသီးမှ သတင်းတွေကို တင်ပြနေတဲ့ Tachileik News Agency ဟာအမှီအခိုကင်းပြီး လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းမီဒီယာတစ်ခု ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ပြန်ကြားရေးဝန်ကြီးဌာနထံမှ  လုပ်ငန်း မှတ်ပုံတင်ရရှိခဲ့တာဖြစ်ပါတယ်။

အခုလို ပိတ်သိမ်းခံရပေမဲ့ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်အတွက် ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပြီး  သတင်းပေးပို့လိုသူတွေ အနေနဲ့ ဆက်လက် သတင်းပေးပို့နိုင်တယ်လို့လည်း အသိပေးကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ တရားမဝင်သိမ်းယူလိုက်ပြီးနောက်  လုပ်ငန်းလိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းမီဒီယာဌာန ၈ ခု ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့ကစလို့ ပုဂ္ဂလိကရုပ်သံလိုင်း ၂ ခုဖြစ်တဲ့ DVB TV နဲ့ Mizzima တို့ကို အကြမ်းဖက်စစ်ကောင်စီက စတင်ပိတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက်  DVB၊ Mizzima၊ 7Day ၊ ခေတ်သစ်မီဒီယာနဲ့ Myanmar Now  မီဒီယာ ၅ ခုကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းကြောင်း မတ်လ ၈ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့ ပါတယ်။

အကြမ်းဖက် စစ်အုပ်စုက သတင်းမီဒီယာတိုက်တွေကို ဝင်ရောက်စီးနင်းတာတွေ သတင်းသမားတွေကို ဖမ်းဆီးတာတွေ  ပြုလုပ်ခဲ့သလို ဧရာဝတီသတင်းဌာနကိုလည်း အွန်လိုင်းသတင်း တစ်ပုဒ်ဖော်ပြမှုနဲ့  ပတ်သက်ပြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခဲ့ပါတယ်။ 

ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနား သတင်းဂျာနယ်ကိုလည်း ဧပြီ ၂၉ ရက်စွဲနဲ့ ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့ပြီး ဒီမတိုင်ခင် မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက် ၃ ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ 

ဒါ့အပြင် နောက်ထပ် ကချင်ပြည်နယ် အခြေစိုက် သတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ 74 media ကိုလည်း ဧပြီ ၃၉  ရက်စွဲနဲ့ပဲ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခဲ့ပြန်ပါတယ်။

စစ်အာဏာသိမ်းမှုအပြီး  သတင်းမီဒီယာပေါင်း ၈ ခု ပိတ်သိမ်းခံရတဲ့အပြင် မေလ ၅ ရက်နေ့အထိ ဖမ်းဆီးခံရတဲ့ သတင်းမီဒီယာသမား စုစုပေါင်း  ၇၉ ယောက် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013