DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသား ၁,၅၀၀ ခန့်ကို မလေးရှားက နေရပ်ပြန်ပို့မည် 
DVB
·
August 28, 2026
Photo:Reuters
Photo:Reuters
Donate to DVB

မြန်မာနိုင်ငံသား ၁,၄၇၆  ယောက်ကို လာမဲ့ စက်တင်ဘာ ၂၉ ရက်မှာ  မလေးရှားနိုင်ငံကနေ ပထမ အသုတ်အဖြစ် နေရပ်နိုင်ငံကိုပြန်လည်ပို့ဆောင်မယ်လို့ Bernama  မလေးရှားသတင်းဌာနက  ဩဂုတ် ၂၇ ရက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်အာဏာရှင်အစိုးရနဲ့ သဘောတူညီချက်အရ ဆန္ဒအလျောက် နေရပ်ပြန်ပို့ဖို့ သဘောတူထားတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လူဦးရေ ၅,၀၀၀ ပါဝင်တဲ့ အုပ်စုထဲက ပထမအုပ်စု အဖြစ် နေရပ် ပြန်ပို့မှာလို့ မလေးရှားပြည်ထဲရေးဝန်ကြီးဌာက ထုတ်ပြန်ပါတယ်။

ဒီအစီအစဉ်ကို ဘေးကင်းလုံခြုံစွာ၊ တာဝန်ယူမှုရှိစွာနဲ့ မြန်မာအစိုးရနဲ့ နှစ်ဦးနှစ်ဖက် သဘောတူ ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်သွားမှာလို့ ကြေညာချက်မှာ ဖော်ပြ ပါတယ်။

ထောက်ပံ့ပို့ဆောင်ရေး လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီးတဲ့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသားလုံခြုံရေးကောင်စီနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ ပါဝင်တဲ့ ညှိနှိုင်းအစည်းအဝေးတခုမှာ ဒီရက်စွဲကို သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

နေရပ်ပြန်ပို့မဲ့ လုပ်ငန်းစဉ်မှာ မြန်မာစစ်အာဏာရှင်ရဲ့ ရေတပ်ပိုင် စစ်သင်္ဘော ၂ စင်းနဲ့ ဆေးရုံသင်္ဘော တစင်းတို့ကို အသုံးပြုသွာမယ်လို့ မလေးရှား ပြည်ထဲရေးဌာနက ပြောပါတယ်။

သဘောတူဆန္ဒအလျောက် နေရပ်ပြန်ဖို့ သတ်မှတ်ချက်နဲ့ ကိုက်ညီပြီး သဘောတူညီသူတွေကို ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဆက်လက် စိစစ်ဖော်ထုတ်သွားမယ်လို့လည်း ကြေညာချက်မှာ ပြောပါတယ်။

မလေးရှားနိုင်ငံအတွင်းရှိ ဒုက္ခသည်တွေရဲ့ ၉၅ ရာခိုင်နှုန်းကျော်ဟာ ရိုဟင်ဂျာ၊ ချင်း၊ ကရင်နဲ့ မွန် တိုင်းရင်းသားတွေပါဝင်တဲ့ မြန်မာနိုင်ငံမှ လာရောက်သူတွေလို့လည်းဆိုပါတယ်။

မလေးရှားအစိုးရအနေနဲ့ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို စနစ်တကျ၊ သိက္ခာရှိစွာနဲ့ ၂ နိုင်ငံစလုံးရဲ့ သဘောတူညီမှုနဲ့ ဆောင်ရွက်နိုင်ဖို့ မြန်မာစစ်အာဏာရှင်အစိုးရနဲ့ တိုက်ရိုက် သံတမန်ရေးရာ ညှိနှိုင်းမှုတွေကို တက်ကြွစွာ လုပ်ဆောင်နေပါတယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ ဒုက္ခသည် မှတ်ပုံတင်စာရွက်စာတမ်း အစီအစဉ် (DPP) ကို လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေရဲ့ အပြင်ဘက်မှာ တရားမဝင် ရောက်ရှိနေသူတွေအတွက်  ချဲ့ထွင် လုပ်ဆောင်သွားဖြစ်သလို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတ် ကိုင်ဆောင်ထားသူတွေနဲ့ ဒုက္ခသည်အဆင့်အတန်း လျှောက်ထားတောင်းဆိုသူတွေလည်း ပါဝင်ကြောင်း မလေးရှားအစိုးရက ပြောပါတယ်။

အမျိုးသားလုံခြုံရေး အကျိုးစီးပွားအတွက် စောင့်ကြည့်ရေး၊ ထိန်းချုပ်ရေးနဲ့ ဥပဒေစိုးမိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ မလေးရှားအစိုးရအနေနဲ့ ပြည့်စုံတိကျတဲ့ ဇီဝအချက်အလက် (biometric) နဲ့ ကိုယ်ရေးအချက်အလက်တွေကို ရရှိနိုင်ဖို့ အဆိုပါ မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်ကို မဖြစ်မနေ ပြုလုပ်ရမယ်လို့ သိရပါတယ်။  

သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး DPP မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် အောင်မြင်သူတွေကို DPP ကတ် ထုတ်ပေးသွားမှာ ဖြစ်ပြီး၊ အစိုးရက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ၊ ထိန်းချုပ်မှုတွေနဲ့ စောင့်ကြည့်မှုတွေနဲ့အညီ ယာယီနေထိုင်ခွင့် ပြုသွားမယ်။  အဲဒီအချက်အလက်တွေကို နောက်ပိုင်းမှာ စောင့်ကြည့်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ စီမံခန့်ခွဲမှု အစီအစဉ်တွေအတွက်ရော၊ အခြေအနေတွေ ပေးအပ်လာပါက မူလနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး အပါအဝင် ရေရှည်ခိုင်မာတဲ့ ဖြေရှင်းရေး အစီအစဉ်တွေအတွက်ပါ အသုံးပြုသွားနိုင်မယ်လို့လည်း ဆိုပါတယ်။  

လက်ရှိအချိန်အထိ ရိုဟင်ဂျာ အများစုပါဝင်တဲ့ မြန်မာနိုင်ငံသား ၄,၀၀၈ ယောက်ကို DPP အောက်မှာ မှတ်ပုံတင်ဖို့ ရှိနေပြီး၊ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ လက်ရှိ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၁၀,၃၈၈ ယောက်ကိုလည်း တာဝန်ရှိသူတွေက စိစစ်နေတယ်လို့ ဝန်ကြီးဌာနက ထပ်လောင်း ပြောပါတယ်။

မြန်မာနိုင်ငံသားတွေကို နေရပ်ပြည်ပို့မဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး စစ်အာဏာရှင် အစိုးရဘက် ကတော့  သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ လောက်ကို ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံဘက်က သဘောတူညီခဲ့တယ်လို့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က ပြီးခဲ့တဲ့ ဇူလိုင်လ မှာ ပြောထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ပို့မဲ့အစီအစဉ်ကို လူ့အခွင့်ရေးအဖွဲ့တွေကတော့ ကန့်ကွက်ဝေဖန် နေကြတာဖြစ်ပါတယ်။

Source: Bernama 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013