DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်လက်ထက် ရခိုင်ပြည်နယ်တွင် စားသောက်ကုန်ဈေးနှုန်း အဆမတန်မြင့်တက်
DVB
·
May 3, 2021
စစ်အာဏာရှင်လက်ထက်  ရခိုင်ပြည်နယ်တွင် စားသောက်ကုန်ဈေးနှုန်း အဆမတန်မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်း လိုက်ပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ရခိုင်ပြည်နယ်မှာ စားသောက်ကုန်စျေးနှုန်း တွေဟာ အဆမတန် မြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်မှာ စားသောက်ကုန်တွေကို ရန်ကုန်ကတစ်ဆင့် ဝယ်ယူရတာဖြစ်ပြီး ဝယ်ယူ ကတည်းက စျေးမြင့်မားနေသလို သယ်ယူရာမှာလည်း လမ်းခရီးအခက်အခဲတွေကြောင့် ကုန်စျေးနှုန်းတွေဟာ ယခင်ကထက် နှစ်ဆလောက်မြင့်သွားတယ်လို့ စစ်တွေမြို့မှာ ကုန်စုံဆိုင်ဖွင့်လှစ် ရောင်းချတဲ့  ဦးမောင်ထွန်းလှက ပြောပါတယ်။

“ကုန်စိမ်းတွေရော၊ ကုန်ခြောက်တွေရော အကုန်လုံးက စျေးတက်သွားတယ်။ ကုန်ခြောက်တွေဆိုတာကတော့  ဆီတွေ၊ ဟင်းချိုမှုန့်တွေက အစ အကုန်လုံးစျေးတွေ တက်ကုန်တာပေါ့။ ဆေးလိပ်တွေဆိုရင်လည်း အရင်တုန်းက ကျပ် ၆၀၀၀ နဲ့ ရောင်းနေရတာကို အခုဆိုရင် ၁၂၀၀၀ လောက်ထိကို ဖြစ်သွားတယ်။ အကုန်လုံး စျေးတက် ကုန်တယ်။ အဓိကကုန်တွေကို ရန်ကုန်ကယူရောင်းနေရတာဆိုတော့ ရန်ကုန်မှာဆန္ဒပြကတည်း စျေးတွေက တအားထိုးတက်သွားတာ။ ပြီးရင်လမ်းပန်းဆက်သွယ်ရေးကလည်း ခက်သွားတော့ ကုန်တွေရောက်ဖို့ကို သုံး၊ လေး ရက်လောက်ကြာတယ်။ ကုန်စိမ်းတွေဆိုရင် တစ်ဝက်လောက်ကပုပ်သွားတော့ အရင်းရှုံးတာပေါ့။ ဒါကြောင့်အရင်က ကျပ် ၁၀၀၀နဲ့ ရောင်းရတာဟာ အခု ၂၀၀၀ ဖြစ်သွားတော့ ရောင်းချတဲ့သူတွေရော စားသုံးတွေအတွက်ပါ အခက်အခဲဖြစ်သွားတာပေါ့”။

အခုလို အလုပ်အကိုင်ရှားပါးပြီး နိုင်ငံရေးပါမတည်မငြိမ်ဖြစ်နေချိန်မှာ ကုန်စျေးနှုန်းတွေ တက်လာကြောင့် အခြေခံလူတန်းစားတွေအတွက် အဆင်မပြေမှုတွေနဲ့ ဆင်းရဲကျပ်တည်းမှုတွေ ရှိလာနေတယ်လို့ နေ့စားလုပ်ကိုင်နေသူ ဒေါ်ဘုမက ပြောပါတယ်။

“ကျမတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေပါ။ အလုပ်အကိုင်တွေက ရှားပါးတဲ့ အထဲမှာ နိုင်ငံရေးမတည်ငြိမ်တော့ ဆန်တွေ၊ ဆီတွေ၊ အခြေခံစားသောက်ကုန်တွေ အကုန်လုံး စျေးတက်ကုန်တာပေါ့။ ကျမတို့က လက်လုပ်လက်စားတွေဆိုတော့ တနေ့တနေ့ကို ထမင်း နပ်မှန်အောင် ကြိုးစားနေရတယ်။ ဒီလိုကုန်စျေးနှုန်းတွေတက်လာလေလေ ကျမတို့လို ဆင်းရဲတဲ့ လက်လုပ်လက်စားတွေအတွက်တော့ အခက်အခဲတွေ ဖြစ်လာလေလေပါပဲ”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အပြင် မြန်မာနိုင်ငံတဝန်း တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း စစ်အာဏာရှင်လက်ထက် ကုန်ပစ္စည်းတွေ အဆမတန် စျေးမြင့်မားလာနေတဲ့အတွက် အခြေခံ လူတန်းစားပြည်သူတွေ  စားဝတ်နေရေးအခက်အခဲနဲ့ကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013