DVB Logo
Home
Lead Story
စီရော်နယ်ဒို ၂ ဂိုးသွင်းပြီး ပေါ်တူဂီအသင်းက ဥဇဘက်ကစ္စတန်ကို ၅ ဂိုးပြတ်အနိုင်ရ 
DVB
·
June 24, 2026
Photo: Reuters
Photo: Reuters
Donate to DVB

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (K)ပွဲစဉ်အဖြစ်  ပေါ်တူဂီနဲ့ ဥဇဘက်ကစ္စတန်တို့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်ကွင်းမှာ ဒေသအချိန် ဇွန် ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပေါ်တူဂီအသင်းက ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ သွင်းဂိုး ၂ ဂိုး အပါအဝင် (၅-၀) ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ပေါ်တူဂီအတွက် အနိုင်ဂိုးတွေကိုတော့ စီရော်နယ်ဒိုက ပွဲချိန် ၆ မိနစ်နဲ့ ၃၉ မိနစ်တို့မှာ ၂ ဂိုး၊ နူနိုမန်ဒက်စ်က ၁၇ မိနစ်မှာ ၁ ဂိုး၊ ပွဲကစားချိန် မိနစ် ၆၀ မှာ ဥဇဘက်ကစ္စတန်ကစားသမား အေ နီမာတော့ဗ်က ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့လို့ ၁ ဂိုးနဲ့ ရာဖေးလ် လီယောင်းက  ၈၇ မိနစ်မှာ တဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အသက် ၄၁ နှစ်အရွယ်ရှိပြီတဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက ပွဲစပြီး ၆ မိနစ်တွင်တင် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ကာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတလျှောက် ကမ္ဘာ့ဖလား ၆ ကြိမ်ဆက်ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် သမိုင်းသစ်စိုက်ထူနိုင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ အုပ်စု (K) မှာ တပွဲ သရေ၊ တပွဲနိုင် ရမှတ် ၄ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပြီး နောက်တဆင့် ၃၂ သင်းရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013