DVB Logo
Home
မြန်မာသတင်း
သီပေါသပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၊ လူငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
DVB
·
May 2, 2021
သီပေါသပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၊  လူငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
1 / 4
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့မှာ ဒီနေ့မနက်က စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်လို့ လူငယ် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

အင်အား ၄၀၀ ကျော်လောက်ရှိတဲ့ သီပေါသပိတ်စစ်ကြောင်းက  ဒီနေ့မနက် ၉ နာရီလောက်က သီပေါမြို့လယ် ရွှေကျောင်းရပ် မဟာမြတ်မုနိ ဘုရားကြီးနားမှာလာစုဝေးပြီး  မြို့တွင်း အနှံ့ဆန္ဒပြဖို့ ထွက်ခွာလာစဉ် မနက် ၁၀ နာရီလောက်မှာ အကြမ်းဖက်ရဲနဲ့ စစ်တပ်အင်အား ၁၀၀ လောက်က ကားတွေနဲ့ရောက်လာပြီး ဖြိုခွင်းခဲ့တာလို့ သီပေါဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ဆန္ဒပြတဲ့လူတွေက သိပ်အဝေးကြီးမသွားလိုက်ရပါဘူး၊ စုရပ်ကို ပြန်မလို့လုပ်တုန်း ရွှေကျောင်းရပ်ကွက်ထဲမှာပဲ အပစ်ခံလိုက်ရတယ်။ မျက်ရည်ယိုဗုံးတွေ မတွေ့ဘူး၊ ကျည်အစစ်နဲ့ကို ပစ်တာ။ သုံးယောက် ထိတယ်၊  ကိုဖိုးလုံးဆိုတဲ့ အသက် ၂၀ ကျော်လူငယ်က နဖူးမှာထိပြီး ပွဲချင်းပြီး သေဆုံးတယ်။ ကျန်တဲ့ ၂ ယောက်က ခြေထောက်ကို ရှပ်ထိသွားတယ်၊ ခြေထောက်ထိတဲ့ ၂ ယောက်ကိုတော့ လူမှုကူညီရေးအဖွဲ့ကပဲ ရှေးဦးသူနာပြုစုပေးတယ်၊ ဆေးရုံမတက်ရဘူး။”

သီပေါပြည်သူတွေဟာ ပစ်ခတ်တွေကြားကနေ ဆက်လက်ဆန္ဒပြပြီး မနက် ၁၁ နာရီလောက်မှ လူစုခွဲလိုက်တယ်လို့ သိရပါတယ်။

သီပေါမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို နေ့ခင်းမှာ ပြောက်ကျားပုံစံ  ညပိုင်းမှာ မီးထွန်းညှိပုံစံတွေနဲ့ လုပ်ဆောင်နေရာမှာ အရင်ကလည်း သပိတ်ဖြိုခွင်းခံခဲ့ရတာတွေ ရှိပေမယ့်  ဆန္ဒပြသူ သေဆုံးရတာတော့ ပထမဆုံးအကြိမ်ပဲလို့ သီပေါဒေသခံက ပြောပါတယ်။ 

အခုလို ထိခိုက်သေဆုံးမှုတွေရှိနေပေမယ့် ရည်မှန်းချက်မရောက်မချင်းတော့ ဆန္ဒပြမှုတွေ ရှိနေဦးမှာပဲလို့ ဆိုပါတယ်။

Photo Credit

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013