မိုးကုတ်မြို့ အခမဲ့ဆေးခန်းကဆေးပစ္စည်းများ အကြမ်းဖက်စစ်အုပ်စု ယူဆောင်
DVB
·
May 1, 2021

မန္တးလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ မေ ၁ ရက်နေ့က ကျပ်ပြင်ရပ်ကွက် ပတ္တမြားရတနာဆေးပေးခန်းရှိ ကျပ် ၁၅ သိန်းခန့်တန်ဖိုးရှိ ဆေးပစ္စည်းအားလုံးကို အကြမ်းဖက်စစ်အုပ်စုက ယူဆောင်သွားပြီတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပတ္တမြားရတနာ ဆေးခန်းဟာ ပရဟိတဆေးခန်းဖြစ်ပြီး ယာယီဆေးခန်းအဖြစ် ဆေးကုပေးနေတာလို့ ဆိုပါတယ်။
ဒါ့အပြင် ဧပြီ ၃၀ ရက်နေ့ညက အကြမ်းဖက်စစ်အုပ်စု ကင်းလှည့်ချိန် အိမ်ခြံဝင်းထဲမှာ Wifi သုံးနေတဲ့ လူငယ် ၂ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။











