DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် စက်သုံးဆီ ပြတ်လပ်ပြီး အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေ
DVB
·
April 30, 2021
ဖားကန့်တွင် စက်သုံးဆီ ပြတ်လပ်ပြီး အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေ
1 / 3
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဧပြီလ ၃၀ ရက်နေ့ကစပြီး စက်သုံးဆီတွေကို အကန့်အသတ်နဲ့ပဲ ရောင်းချပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီ လက်နက်ကိုင်တွေက ဖားကန့် ၈ မိုင်မှာ စက်သုံးဆီကားတွေကို အဝင်ပိတ်လိုက်တာ တစ်ပတ်ကျော်ရှိနေပြီလို့လည်း သိရပါတယ်။

ဒီနေ့ ဧပြီ ၃၀ရက်နေ့ ဆိုရင် ဖားကန့်မြို့မှာ စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်သာ ကျန်ရှိပြီး လက်ကျန်စက်သုံးဆီတွေကို အကန့်အသတ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

အရင်က ဖားကန့်စက်သုံးဆီဈေးဟာ ၁ ဂါလန် ကျပ် ၄၅၀၀ သာရှိပေမယ့် မနေ့က ဧပြီ ၂၉ ရက်နေ့ကစပြီး ၁ လီတာ ကျပ် ၃၇၈၀၊ တစ်ဂါလန် ကျပ် ၉၀၀၀ လောက်အထိ မြင့်တက်ခဲ့ပြီး  ယနေ့ဆီဈေး တစ်ဂါလန် ပေါက်ဈေး ကျပ်  ၁၅၀၀၀ ကျပ်ထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

ဖားကန့်နေ ပြည်သူတွေဟာ မနေ့ကစလို့ စက်သုံးဆီ အလုအယက်ဝယ်ယူခဲ့ရပြီး ဒီနေ့မှာတော့ အကန့်အသတ်နဲ့ပဲ ရောင်းချတာကြောင့် စက်သုံးဆီ ပြတ်လပ်သွားမှာကို စိုးရိမ်နေကြပါတယ်။

Photo-CJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013