
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း ၂၇ လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(မန္တလေးတိုင်းဒေသကြီးရုံး)ကို ဧပြီ ၂၈ ရက် ညပိုင်းက လက်လုပ်ဗုံးနဲ့ပစ်ဖောက်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲသံကို ပတ်ဝန်းကျင်က ကြားလိုက်ရပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ အနီးအနား ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
မနက်ပိုင်းမှာတော့ လုံခြုံရေးယူထားတာတွေ မတွေ့ရဘဲ ပုံမှန်အခြေအနေရှိနေပြီး CCTV မှတ်တမ်းအရ ဆိုင်ကယ်တစ်စီးနဲ့ လူ ၃ ဦးက လာပစ်သွားတာလို့ သိရပါတယ်။ဧပြီ ၂၈ ရက်ကလည်း စစ်ကောင်စီက ခန့်ထားတဲ့ မန္တလေး ဒုမြို့တော်ဝန်အိမ်မှာလည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အပြင် ၃၈ လမ်း ၇၃ လမ်းမှာပါ ပေါက်ကွဲမှုဖြစ်ခဲ့လို့ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တချို့ ဒဏ်ရာရသူ ရှိတယ်လို့ သိရပါတယ်။