DVB Logo
Home
မြန်မာသတင်း
ပါမောက္ခအပါအဝင် ပညာရေးဝန်ထမ်း ၁၀ ဦးနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၂၀ ကို အကြမ်းဖက်စစ်အုပ်စုက အမှုဖွင့်
DVB
·
April 29, 2021
ပါမောက္ခအပါအဝင် ပညာရေးဝန်ထမ်း ၁၀ ဦးနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၂၀ ကို အကြမ်းဖက်စစ်အုပ်စုက အမှုဖွင့်
1 / 3
Donate to DVB

စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး ပြည်သူ့ဘက်ကရပ်တည်တဲ့ ပညာရေးဝန်ထမ်း တက္ကသိုလ် ပါမောက္ခ၊ တွဲဖက် ပါမောက္ခတွေ၊ ကထိက တွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီရဲ့ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

အမှုဖွင့်ခံရတဲ့ ပညာရေးဝန်ထမ်း ၁၀ ဦးကတော့    ပါမောက္ခ ဒေါက်တာမြတ်ထူးကြွယ်၊ တွဲဖက် ပါမောက္ခတွေဖြစ်ကြတဲ့  ဒေါက်တာနန်းနွယ်၊ ဦးကြည်ထင်ပေါ်၊ ဒေါက်တာဝင်းပပထွန်း၊ ဒေါက်တာအောင်ကျော်စွာနဲ့ ဒေါက်တာ ဝေယံလင်း၊ တက္ကသိုလ် ကထိကတွေဖြစ်တဲ့ ဦးသုလင်းဝေ၊ ဒေါက်တာတိုးတိုးကျော်၊ ဦးလှိုင်တင်နဲ့ ဒေါက်တာ ကျော်သန်းမိုးတို့ဖြစ်ပါတယ်။

အဆိုပါ ပညာရေးဝန်ထမ်းတွေဟာ  အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး  အမှုဖွင့်ခံရတာဖြစ်ပါတယ်။

အလားတူ နိုင်ငံအနှံ့ရှိ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အယောက် ၂၀  ကိုလည်း လူမှုကွန်ရက်သုံးပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေဖို့ လှုံ့ဆော်ခဲ့တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဒီကနေ့ထုတ်  သတင်းစာတွေမှာ ဖော်ပြပါတယ်။

အမှုဖွင့်ခံရတဲ့ ကျောင်းသားတွေအထဲမှာ ရဲရင့်ဘုန်းအောင်၊ ပိုင်ဖြိုးဇင်၊ သိရိမိုး၊ အောင်ညီညီသွင်၊ စည်သူနိုင်၊ ဘုန်းမြတ်မိုး၊ ဇင်မောင်ဖြိုး၊ နန်းမြသဇင်ဦး၊ နွေးအိအိကျော်၊ အေးချမ်းကို၊ စောထက်အောင်လင်း၊ ဝေယံဖြိုး၊ စည်သူအောင်၊ ဖူးပွင့်စိုး၊ ဥဂ္ဂါမြတ်၊ သီရိယမင်းအောင်၊ မေသင်းခိုင်၊ မျိုးမင်းထက်၊ ဇော်မျိုးလွင်နဲ့ မင်းသူရှိန် တို့ပါဝင်ပါတယ်။

အထက်ပါကျောင်းသားတွေကို လက်ခံထားသူတွေကိုလည်း အရေးယူမှာဖြစ်ပြီး နောက်ထပ် ထပ်မံဆက်လက် ကြေညာဖို့ရှိနေတယ်လို့လည်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013