DVB Logo
Home
မြန်မာသတင်း
ချောင်းဦးမြို့နယ် တွဲဖက်တရားသူကြီး၏မိခင် ရိုက်နှက်ဖမ်းဆီးခံရ
DVB
·
April 29, 2021
ချောင်းဦးမြို့နယ် တွဲဖက်တရားသူကြီး၏မိခင် ရိုက်နှက်ဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တရားရုံး တွဲဖက်တရားသူကြီး ဦးကောင်းမြတ်သူ ရဲ့မိခင်ကို ဧပြီ ၂၇ ရက်မှာ စစ်ကောင်စီက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ CDM ဝင်ထားတဲ့ တရားသူကြီးတစ်ဦးက အတည်ပြုပါတယ်။

တွဲဖက်တရားသူကြီး ဦးကောင်းမြတ်သူဟာ CDM ဝင်ထားသူဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲတဲ့ စာရင်းမှာပါဝင်သူဖြစ်ပါတယ်။ 

“ချောင်းဦးက တွဲဖက်မြို့နယ်တရားသူကြီး သူ့ရဲ့မိခင်ကအဖမ်းခံလိုက်ရတယ်။ သူ့ကိုလာ ဖမ်းတာဗျ။ သူမရှိတဲ့ အချိန်ဖြစ်နေတော့ သူ့ရဲ့အမေကိုဖမ်းသွားတယ်။ ပါးတွေ နားတွေ ရိုက်နှက်ပြီး ဖမ်းသွားတယ်လို့ ကြားတယ်။ ဆရာ ကောင်းမြတ်သူက ၅၀၅နဲ့စာရင်းထုတ်ခံ ထားရတဲ့စာရင်းထဲပါတယ်။ သူ့ကို မတွေ့လို့ သူ့အမေကို ဖမ်းသွားတယ်” လို့ တရားသူကြီးတစ်ဦးက ပြောပါတယ်။

တရားရေးမှာ ခရိုင်အဆင့်တရားသူကြီး ၃ ဦးအပါအဝင် တရားသူကြီး ၄၀ ကျော် နဲ့ အခြားအဆင့် ဝန်ထမ်း စုစုပေါင်း ၂၀၀ နီးပါး CDM ဝင်နေကြပြီး သူတို့ကို နည်းလမ်းမျိုးစုံနဲ့ အလုပ်ပြန်ဝင်ဖို့ အကြမ်းဖက်စစ်ကောင်စီက ဖိအားပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013