DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်က CDM ဝန်ထမ်း ၁၄ ဦးကို အကြမ်းဖက်စစ်ကောင်စီ အလုပ်ထုတ်
DVB
·
April 29, 2021
ကချင်ပြည်နယ်က CDM ဝန်ထမ်း ၁၄ ဦးကို အကြမ်းဖက်စစ်ကောင်စီ အလုပ်ထုတ်
Donate to DVB

ကချင်ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲဌာနက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဝန်ထမ်း ၁၄ ဦးကို အလုပ်က ထုတ်ပယ်ကြောင်း ဧပြီ ၂၈ ရက်နေ့က ကြေညာပါတယ်။

ကချင်ပြည်နယ် လူမှု/ကယ်ပြန် ဘေးအန္တရာယ်စီမံဌာနက အလုပ်ထုတ်ပယ်ခံရတဲ့သူတွေကတော့ ဗန်းမော်က ၃ ဦး၊ ရွှေကူ  ၂ ဦး၊ မြစ်ကြီးနား ၇ ဦး၊ ဝိုင်းမော် ၁ ဦး၊ မိုးညှင်း ၁ ဦးတို့ ဖြစ်ပါတယ်။ 

စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ CDM မှာ ဆက်လက်ပါဝင်သွားမယ်လို့ အလုပ်ထုတ်ခံရသူ CDM ဝန်ထမ်းတွေက ပြောပါတယ်။

ကချင်ပြည်နယ်မှာ အလုပ်ထုတ်ခံရသူ CDM ဝန်ထမ်းအရေအတွက် မသိရှိရဘဲ  မြန်မာတနိုင်ငံလုံးအနေနဲ့ အလုပ်ထုတ်ခံရသူ CDM ဝန်ထမ်း စုစုပေါင်း ၅၀၀ လောက်ရှိပြီလို့ ကနဦး သိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013