
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကျေးရွာတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၃ ဦး ဧပြီ ၂၇ ရက် မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အခုဖမ်းဆီးခံရသူတွေက တန့်ဆည်မြို့နယ် ကာပေါင်းကျရွာက နှစ်ဦးနဲ့ ချောင်းဆုံရွာက တစ်ဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွာမှာရှိတဲ့ဒလံတွေ သတင်းပေးတာကြောင့် ချောင်းဆုံရွာကို စစ်ကား ၅ စီးရောက်လာပြီး ဈေးရောင်းနေတဲ့ အမျိုးသမီး တစ်ဦးကို သေနတ် ၆ ချက်ဖောက်ပြီး ဖမ်းသွားတယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။
ဈေးဝယ်ပြန်လာသူ ကာပေါင်းကျ ရွာသား နှစ်ဦးကိုလည်း လမ်းတစ်ဝက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
တန့်ဆည်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးနေပေမဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။










