Home
မြန်မာသတင်း
ဗန်းမော်ခရိုင်တွင် တိုက်ပွဲပြင်းထန်၊ လူနေအိမ်အများအပြားပျက်စီး
DVB
·
April 27, 2021
179176662_1220760251713035_3860994805678109421_n (1)
179029988_1220760381713022_4289013188735754321_n
179002776_1220760218379705_1734225443118084587_n
179002776_1220760218379705_1734225443118084587_n (1)
178820832_1220760341713026_116835351770375962_n
178639576_1220760408379686_991380218403847114_n
176207313_1220760291713031_6761257100763634119_n

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့သစ်၊ စီဟက်ရွာအနီးနဲ့ အလော့ဘွမ်တောင်မှာ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ  ဧပြီ ၂၇ရက်နေ့ အထိ ဆက်လက်ပြင်းထန် ဖြစ်ပွားနေပါတယ်။ 

တိုက်ပွဲကြောင့် လက်နက်ကြီးကျည်တွေ အနီးနားက ကျေးရွာတွေထဲ  ကျရောက် ပေါက်ကွဲလို့ လူနေအိမ်များစွာပျက်စီးခဲ့သလို  ဒေသခံတွေဟာ အိုးအိမ်ပစ္စည်းတွေနဲ့ ကျွဲနွားတိရိစ္ဆာန်တွေပါထားရစ်ခဲ့ပြီး ရွားလုံးကျွတ်စွန့်ခွာ စစ်ဘေးရှောင်ထွက်ပြေး နေကြရာမှာ ခန့်မှန်း စစ်ဘေးရှောင် ဦးရေ အယောက် ၃၀၀၀ ကျော်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦးက “ကျမတို့အိမ်လည်း လက်နက်ကြီးကျရောက်လို့ ပျက်စီးသွားပြီလို့ သတင်းရတယ်။ ရာသီပေါ်သီးနှံခြံတွေ၊ ကျွဲနွားတွေ ထားခဲ့ရတာ ဘယ်လိုပြန်ရပ်တည် စားသောက်ရတော့မလဲ မသိဘူး။ အခု စစ်ပွဲနဲ့ဝေးတဲ့နေရာမှာ အခက်အခဲတွေအများကြီးနဲ့ နေနေရတယ်၊ ငြိမ်းချမ်းစွာနေလို ပါပြီ” လို့ ပြောပါတယ်။

အလော့ဘွမ်တောင်ပေါ် ဖုန်းတာဝါတိုင်ရှိရာ အနီးစခန်းနဲ့  အလော့ဘွမ်တောင်တန်း တောထဲ ကေအိုင်အေ တပ်တွေရှိနိုင်မယ် ခန့်မှန်းပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲ ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ နေ့စဉ်နီးပါးပြုလုပ်နေကာ ခုအချိန်ထိတိုက်ပွဲ ဆက်ဖြစ်နေပါတယ်။

ဗန်းမော်မြို့ ၊မိုးမောက်မြို့လမ်းခရီးရှိ  (၃)မိုင် ရပ်ကွက်အနီးမှာလည်း  ဧပြီလ၂၆ ရက်နေ့က အိမ်စီးကား တစ်စီး   ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ရိက္ခာ ဒါမှမဟုတ် လက်နက်တင်ကားတွေကို ကေအိုင်အေဘက်က မှိုင်းခွဲ တိုက်ခိုက်တာလို့  ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

ပြည်သူတွေအနေနဲ့  အိမ်စီးကားတွေနဲ့  စစ်ကောင်စီတပ်တွေအတွက် ရိက္ခာနဲ့ လက်နက်တွေ မတင်ကြဖို့ ကေအိုင်အေ တပ်မဟာ ၂ က  သတိပေးချက် ဧပြီ၂၇ရက်က ထုတ်ပြန်ထားသလို စစ်ကောင်စီတပ်တွေအနေနဲ့  စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေမှာ  တပ်မစွဲဖို့ လည်း သတိပေးထားပါတယ်။ 

PHOTO- PLATFORM B

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024