DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီစခန်းကို KNLA က သိမ်းပိုက်ပြီးနောက် ထိုင်းရွာသား ၃၀၀ ကျော် ဘေးလွတ်ရာရွှေ့
DVB
·
April 27, 2021
စစ်ကောင်စီစခန်းကို KNLA က သိမ်းပိုက်ပြီးနောက် ထိုင်းရွာသား ၃၀၀ ကျော် ဘေးလွတ်ရာရွှေ့
1 / 5
Donate to DVB

ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် ဆွပ်မွေးမြို့နယ် သံလွင်မြစ်တဘက်ကမ်းရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းတစ်ခုကို KNU/KNLA ကရင်တပ်မတော်က ဒီကနေ့မနက်က သိမ်းပိုက်လိုက်တဲ့နောက်  ထိုင်းရွာသား ၃၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ 

ဒီနေ့မနက် ပစ်ခတ်သံတွေကြောင့် ထိုင်းဘက်ခြမ်း သံလွင်မြစ်ကမ်းနဖူးပေါ်မှာ ဈေးဆိုင်ဖွင့်ထားတဲ့ မဲ့ဆမ်လက်ပ်ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

နောက်ဆက်တွဲ ထိတွေ့ပစ်ခတ်မှုတွေရှိမှာ စိုးရိမ်တဲ့အတွက် နောက်ထပ်ကျန်ရှိနေတဲ့ ရွာသားပေါင်း ၃၀၀ ကျော်ကို ဆွပ်မွေးမြို့နယ်မှူးက ဒီနေ့မနက် ၁၀ နာရီကျော်မှာ  ဟွေ့ကောင်ကတ်ကျေးရွာ စာသင်ကျောင်းကို ခေတ္တရွှေ့ပြောင်းစေခဲ့တယ်လို့ The Reporter ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

တချိန်တည်းမှာပဲ ထိုင်းဘက်ခြမ်းတာဝန်ရှိသူတွေက မြန်မာဘက်ခြမ်းကအခြေအနေကို နာရီနဲ့မပြတ် စောင့်ကြည့်နေပြီး ထိုင်းတပ် အမှတ် ၃၆ ကွန်မန်ဒိုတပ်ကလည်း ရွာသားတွေရဲ့ လုံခြုံရေးကို စောင့်ကြပ်ပေးနေတယ်လို့ ဆိုပါတယ်။ 

ဒီနေ့မနက်စောစော စခန်းသိမ်းပစ်ခတ်မှုမှာ ကရင်စစ်သားဘက်က ၂ ဦးဒဏ်ရာရပြီး ထိုင်းဘက်ခြမ်းကို ရောက်ရှိနေကြောင်း၊  ရွာသားတွေက ရှေးဦးသူနာပြုနည်းနဲ့ ကနဦးစောင့်ရှောက်ထားပြီး ထိုင်းဆေးရုံကို ပို့ပေးလိုပေမယ့် ထိုင်းစစ်သားတွေရဲ့ ခွင့်ပြုချက်မရသေးဘူးလို့ ဆိုပါတယ်။ 

မဲ့ဆမ်လက်ပ်ရွာနဲ့ မျက်နှာချင်းဆိုင် သံလွင်တဘက်ကမ်းရှိ သော်လယ်ထာ စစ်ကောင်စီ တပ်စခန်းကို  KNU/KNLA တပ်မဟာ ၅ လက်အောက်ခံတပ်ဖွဲ့ဝင်တွေက ဒီနေ့မနက် ၅ နာရီ လောက်မှာ ဝင်ရောက်ပစ်ခတ်သိမ်းဆည်းခဲ့တာပါ။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကိုပစ်ပြီး ထွက်ပြေးနေတဲ့ ဗွီဒီယိုဖိုင်တွေ လူမှုကွန်ရက်ပေါ်ပြ န့်နေပြီး  သူတို့ဘက်က ဒဏ်ရာရမှုအခြေအနေတော့ မသိရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013