DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင် မြန်မာ ၅၂ ဦး ဖမ်းဆီးခံရ
DVB
·
April 27, 2021
ကန်ကျနပူရီတွင် တရားမဝင် မြန်မာ ၅၂ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ဆိုင်းယုတ်မြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိင်ငံသား ၅၂ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

နယ်စပ်တလျှောက် တရားမဝင် ဝင်ရောက်မှုကာကွယ်ရေး နဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် နယ်ခြားစောင့်တပ်နဲ့ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကန်ကျနပူရီခရိုင် ကျန်ကျနပူရီ၊ ဆန်ခလပူရီ၊ ထောင်းဖာဖူး၊ ဆိုင်းယုတ်၊ ဖူးနမ့်ရွန်၊ ဘန့်ကောင် နဲ့ ဘုရားသုံးဆူ ဘက်မှာ နယ်လှည့်စစ်ဆေးရေးနေတာလို့ ဆိုပါတယ်။ 

ဧပြီ ၂၆ ရက် ညနေပိုင်းမှာတော့ ဆိုင်းယုတ်မြို့နယ် ဆီရီမုံးခုံးအုပ်စု နောင်ပရာ ရှူးကျေးရွာရှိ တောတောင်ထဲမှာ မသင်္ကာဖွယ်လူတွေ ရောက်ရှိနေကြောင်း သတင်းပေးချက်ရတဲ့အတွက် တာဝန်ရှိသူတွေက နာရီအတော်ကြာတောနင်းရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ညနေ ၃ နာရီလောက်မှာတော့ တောထဲပုန်းအောင်းနေသူတွေကို ခေါ်ထုတ်လာရာမှာ ကျား ၂၉ ဦး၊ မ ၂၃ ဦး နဲ့ သူတို့ထဲမှာ အသက်မပြည့်တဲ့ ကလေး ၂ ယောက်ပါ ပါဝင်ကြောင်း၊ အားလုံး ဟာ အထုတ်အပိုးတွေနဲ့ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာပြီး ထိုင်းနိုင်ငံအတွင်းပိုင်းဘက် ဆက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ 

Thaipost.net  သတင်းထဲမှာတော့ သူတို့ကို လမ်းပြခေါ်ဆောင်လာတဲ့ အမျိုးသား ၃ ဦးကို ကား ၃ စီးနဲ့အတူ ဖမ်းမိတယ်လို့ ဖော်ပြပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုယ်အပူချိန်တိုင်းကြည့်ရာမှာ အားလုံးပုံမှန်ဖြစ်ပြီး လူဝင်မှု ကြီးကြပ်ရေးဥပဒေ၊ ကူးစက်ရောဂါ ကာကွယ်ရေးဥပဒေတွေနဲ့ အရေးယူပြီးရင် ပြည်နှင်ဒဏ်ပေးမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013