DVB Logo
Home
မြန်မာသတင်း
CRPH အဖွဲ့ဝင် ၃ ဦးထပ်တိုး၊ ရေးရာကော်မတီ ၈ ခု ဖြင့်တိုးချဲ့ဖွဲ့စည်း
DVB
·
April 26, 2021
CRPH အဖွဲ့ဝင် ၃ ဦးထပ်တိုး၊ ရေးရာကော်မတီ ၈ ခု ဖြင့်တိုးချဲ့ဖွဲ့စည်း
Donate to DVB

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့မှာ နောက်ထပ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃  ယောက်ထပ်မံပူးပေါင်းပါဝင်လာပြီး  ရေးရာကော်မတီ ၈ ခုနဲ့ တိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ ဧပြီ ၂၆ ရက်နေ့မှာ CRPH ကထုတ်ပြန်ကြေညာပါတယ်။

အသစ်ထပ်တိုးလာသူတွေကတော့ မကွေးတိုင်းဒေသကြီး  အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၆) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်  (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊  အင်ဂျန်းယန်မဲမြို့နယ်ဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင် (ကချင်ပြည်နယ်ပြည်သူ့ပါတီ) နဲ့ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်   ဦးစည်သူမောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) တို့ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ ဥက္ကဋ္ဌအဖြစ် ဦးအောင်ကြည်ညွန့် အားလည်းကောင်း၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေအဖြစ် ဒေါ်ဖြူဖြူသင်း၊ ဦးထွန်းမြင့်နဲ့ ဦးလမင်းထွန်း (ခ)အဖြိုး တို့အားလည်းကောင်းခန့်အပ်လိုက်ပြီး  ကျန်ကော်မတီဝင်တွေက အဖွဲ့ဝင်တွေအဖြစ် တာဝန်ခွဲဝေထမ်းဆောင်သွားမယ်လို့  CRPH က ကြေညာပါတယ်။

ဒါ့အပြင် CRPH ရဲ့ ဧပြီ ၂၁ ရက်  အစည်းအဝေးဆုံးဖြတ်ချက်အရ ရေးရာကော်မတီ ၈ ခုနဲ့ ဖွဲ့စည်းဆောင်ရွက် သွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ရေးရာကော်မတီ ၈ ခုကတော့ ဥပဒေရေးရာကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ၊ ဘဏ္ဍာရေးရာကော်မတီ၊  ပြည်သူ့ရေးရာကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီ၊ လုံခြုံရေးနှင့်ကာ ကွယ်ရေးဆိုင်ရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနဲ့ သတင်းနှင့်ပြန်ကြားရေးဆိုင်ရာကော်မတီတို့ ဖြစ်ကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်လွှဲအပ်မှုအရ ဖေဖေါ်ဝါရီ ၅ ရက်မှ စတင်ကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ (CRPH) ကို အဖွဲ့ဝင်  ၁၅ ဦးနဲ့ စတင်ဖွဲ့စည်း ခဲ့တာပါ။

ဖေဖေါ်ဝါရီ ၁၀ ရက်မှာ  တိုင်းရင်းသားကိုယ်စားလှယ် ၂ ဦး ထပ်မံတိုးချဲ့ပါဝင်ခဲ့တဲ့အတွက်  CRPH အဖွဲ့ဝင် ၁၇ ဦးရှိလာခဲ့ပြီး  ဒီနေ့ဧပြီ ၂၆ ရက်မှာ နောက်ထပ် ၃ ဦးကို  အဖွဲ့ဝင်တွေ အဖြစ် ထပ်မံတိုးချဲ့ ဖွဲ့စည်းလိုက်တဲ့အတွက် CRPH အဖွဲ့ဝင် စုစုပေါင်း အယောက် ၂၀ ရှိသွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013