ကော့ကရိတ်တွင် ရဲနှင့်စစ်သား အပြန်အလှန် ပစ်ခတ် ၁ ဦးသေဆုံး
DVB
·
April 25, 2021

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ဧပြီ ၂၅ ရက်ညနေက ရဲနဲ့ စစ်သား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာ ရရှိသွားပါတယ်။
ဒီညနေ ၄ နာရီလောက်က ကော့ကရိတ်မြို့ အမှတ် (၆) ရပ်ကွက် ဇိနသုခဘုရားပရဝဏ်အတွင်း စစ်ဆေးရေးဂိတ် စခန်းချ တပ်စွဲထားတဲ့ စစ်သားနဲ့ ရဲ စကားများပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ကော့ကရိတ်မြို့ခံ တစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်ခဲ့ရာမှာ ကျုံဒိုးနယ်မြေရဲစခန်းက ရဲတပ်သား မောင်ဝင်းဘိုက ရင်ဘတ်ကျည်ထိမှန် သေဆုံးခဲ့ပြီး စစ်သားကတော့ စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။