DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ရန် အာဆီယံ ခေါင်းဆောင်များ တောင်းဆို
DVB
·
April 24, 2021
မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ရန် အာဆီယံ ခေါင်းဆောင်များ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ဖို့အပါအဝင် အချက် ၅ ချက်ကို အာဆီယံ ခေါင်းဆောင်တွေက  တောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဧပြီ ၂၄ ရက် ဒီကနေ့ ကျင်းပတဲ့ မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးကနေ အချက်(၅)ချက်ပါတဲ့ ဘုံသဘောတူညီချက်ကို ရရှိခဲ့တယ်လို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာက သတင်းထုတ်ပြန်ပါတယ်။ 

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးခံရထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ဖို့၊ တွေ့ဆုံဆွေးနွေးမှုတွေစလုပ်ဖို့၊ လူသားချင်း စာထောက်ထားမှုအကူညီတွေပေးဝင်ဖို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံရဲ့ အထူးသံတမန် ခန့်ထားဖို့လည်း  တက်ရောက်လာတဲ့ အာဆီယံနိုင်ငံခေါင်းဆောင်တွေက တိုက်တွန်းထားပါတယ်။ 

အာဆီယံအစည်းအဝေးမှာ မလေးရှားဝန်ကြီးချုပ်ကတော့ မြန်မာနိုင်ငံလမ်းမတွေပေါ်မှာ အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတာတွေရပ်ဖို့၊ ဖမ်းဆီးထားသူတွေအာလုံးကို ချက်ချင်းပြန်လွှတ်ဖို့နဲ့ အာဆီယံဥက္ကဋ္ဌနဲ့  အတွင်းရေးမှူးချုပ်တို့ကို  မြန်မာနိုင်ငံ လာရောက်ခွင့်ပေးပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့တောင်းဆိုပါတယ်။

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကတော့ မြန်မာနိုင်က သက်ဆိုင်သူတွေအားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ထားရှိဖို့ တောင်းဆိုလိုက်ပါတယ်။

အာဆီယံခေါင်းဆောင်များအစည်းအဝေးအပြီး အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို ဒီကနေ့ကျင်းပနိုင်ခဲ့တဲ့အတွက် အားလုံးဝမ်းသာအားရ ဖြစ်ရကြောင်း ပြီးခဲ့တဲ့ မတ်လ ၂၃ရက်နေ့က ဘရူနိုင်းဘုရင်ကို ဖုန်းဆက်ပြောဆိုခဲ့တဲ့အချိန်ကစလို့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးကျင်းပနိုင်ရေးအတွက် အတူတကွကြိုးပမ်းခဲ့ကြရပါတယ်လို့ အစချီရေးသား ထားပါတယ်။ 

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာ လက်သင့်ခံနိုင်စရာမရှိဘူး။ ဆက်မဖြစ်စေရဘူး။ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရမယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဆီ ပြန်ဦး တည်ရမယ်။ မြန်မာနိုင်ငံသားတွေရဲ့ အကျိုးစီးပွားသာလျှင် အမြဲပဓာနဖြစ်စေရမယ်။ အစည်းအဝေးအတွင်းမှာ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ စစ်တ ပ်ရဲ့အကြမ်းဖက်မှုတွေကိုရပ်ဆိုင်းဖို့ စိတ်ပိုင်းဖြတ်ရမယ့်အကြောင်း သမ္မတ ဝီဒိုဒိုက ပြောဆိုခဲ့တယ်။

တချိန်တည်းမှာ လက်ရှိတင်းမာမှုကို လျော့ချနိုင်ဖို့ သက်ဆိုင်သူအားလုံးဘက်က သည်းခံထိန်းသိမ်းရမယ်လို့ တောင်းဆိုထားပါတယ် ။ဒုတိယအနေနဲ့  အားလုံးပါဝင်နိုင်မယ့် တွေ့ဆုံဆွေးနွေးမှုတွေ စတင်ရမယ်။ နိုင်ငံရေးယုံကြည်မှုကြောင့် ဖမ်းဆီးခံထားရသူတွေကို ချက်ခြင်းပြန်လွှတ်ပေးရမယ်။ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှုတွေကို အားပေးနိုင်ဖို့ အာဆီယံအတွင်းရေးမှူးချုပ်နဲ့ အာဆီယံ ဥက္ကဋ္ဌက အာဆီယံအဖွဲ့ရဲ့ အထူးကိုယ်စားလှယ်စေလွှတ်ဖို့ စီစဉ်ရမယ်လို့ ဆက်လက်တောင်းဆိုထားပါတယ်။

တတိယတောင်းဆိုတဲ့အချက်အနေနဲ့ အာဆီယံ အတွင်းရေးမှူး ချုပ်ရုံး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုစင်တာ (AHA) က ညှိနှိုင်းဆောင်ရွက်မယ့် အကူအညီပေးရေး ဆောင်ရွက်နိုင်ဖို့ လမ်းဖွင့်ပေးရမယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို ချက်ခြင်းဖြေရှင်ပေးနိုင်ဖို့ အထက်ပါ အချက်တွေကို စောင့်ရှောက်ကာကွယ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ဆိုပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ်ရုံးကလည်း  အချက်၅ချက်ပါ သဘောတူညီချက်ကိုလည်း ဆက်လက်ထုတ်ပြန်ဖို့ရှိနေပြီး အင်ဒိုနီးရှားသမ္မတရဲ့ ထုတ်ပြန်ချက်တွေနဲ့ အနည်းနဲ့အများ တူညီမှုရှိ နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

မြန်မာအရေးဖြေရှင်းကူညီပေးဖို့ အာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်လာမယ့် ခရီးစဉ်ကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကန့်ကွက်ခဲ့ဖူးလို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောပါတယ်။ 

အာဆီယံရဲ့ အပြုသဘောပါဝင်ဆောင်ရွက်နေတဲ့ အခန်းကဏ္ဍနဲ့ အာဆီယံ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့လာရောက်မယ့်ကိစ္စ၊  လူသားချင်းစာနာမှုအကူအညီတွေပေးခွင့်ပြုဖို့ ကိစ္စတွေကို ဗိုလ်ချုပ်မှူးကြီးက မကန့်ကွက်တဲ့အကြောင်း အာဆီယံနဲ့ အပြုသဘောရှေ့ဆက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပြောတယ်လို့လည်း လီရှန်လွန်းကဆိုပါတယ်။ဂျကာတာမြို့မှာ ဒီကနေ့ ကျင်းပတဲ့ မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးမှာ ဖိလစ်ပိုင် သမ္မတနဲ့ ထိုင်းဝန်ကြီးချုပ်တို့ကတော့ ပါဝင်တက်ရောက်ခြင်းမရှိပါဘူး။

PHOTO CREDIT- အေအက်ဖ်ပီ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013