
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က မန်စီးတီးအသင်း အပြစ်ရှိကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ် လာပြီးနောက် ကစားသမားတွေရဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ဝန်ခံ လိုက်ပါတယ်။
ဒီအခြေအနေဟာ အင်္ဂလန်လက်ရွေးစင်အသင်းစခန်းအတွင်းမှာ အဓိကဆွေးနွေးစရာ အကြောင်းအရာတခု ဖြစ်လာတာပါ။ ကစားသမားတွေဟာ သူတို့ရဲ့ ရှေ့ဆက်ရမဲ့ အနာဂတ်တွေ အတွက် တကယ့်ကို စိုးရိမ်နေကြတယ်လို့ တူချယ်လ်က ပြောပါတယ်။
တူချယ်လ်ရဲ့ ပြောကြားချက်အရ မာ့ခ်ဂူဟီ၊ အီးလီးယတ်အန်ဒါဆန်နဲ့ နီကိုအိုရိုင်လီတို့လို ကစားသမားတွေဟာ စိုးရိမ်စိတ်တွေ ရှိနေကြပါတယ်။
မန်စီးတီးအသင်းဘက်ကတော့ သူတို့မှာ အပြစ်မရှိကြောင်း အခိုင်အမာ ပြောဆိုထားပြီး ဒီဆုံးဖြတ်ချက်ကို အယူခံဝင်နေပါတယ်။ ဒါပေမဲ့ ကစားသမားတွေကြားထဲမှာတော့ စိုးရိမ်မှုတွေက ရှိနေဆဲ ဖြစ်ပါတယ်။
Photo:Reuters










