DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ အရပ်သားအစိုးရ ပြန်အုပ်ချုပ်လာစေရန် အာဆီယံကူညီနိုင်မည်ဟု ကုလအတွင်းရေးမှူးချုပ် မျှော်လင့်
DVB
·
April 23, 2021
မြန်မာနိုင်ငံ၌ အရပ်သားအစိုးရ ပြန်အုပ်ချုပ်လာစေရန်  အာဆီယံကူညီနိုင်မည်ဟု  ကုလအတွင်းရေးမှူးချုပ် မျှော်လင့်
Donate to DVB

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြန်ပြီးအုပ်ချုပ်လာစေဖို့ အားလုံးလိုလားတဲ့ ရည်မှန်းချက်အောင်မြင်အောင် အာဆီယံက သိပ်ပြီး အရေးပါတဲ့ ကဏ္ဍကနေ ကူညီပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ရှိနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရပ်စ်က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဧပြီ ၂၄ ရက်နေ့ မနက်ဖန် ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး  အာဆီယံအဖွဲ့ဝင်နိုင်ငံ တညီတညွတ်တည်း ပြင်းပြင်းထန်ထန် ပြောဆိုကြမယ်လို့ မျှော်လင့်ကြောင်း လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက နယူးယောက်မြို့ကုလသမဂ္ဂ ဌာနချုပ်မှာ  ပြုလုပ်တဲ့  သတင်းစာရှင်းလင်းပွဲမှာ   ပြောကြားခဲ့တာ ဖြစ်ပြီး ဧပြီလ ၂၄ ရက်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ဆွေးနွေးမယ့်  အာဆီယံ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ကြိုဆိုတယ်လို့လည်းဆိုပါတယ်။ 

အခုသီတင်းပတ်အတွင်း လုံခြုံရေးကောင်စီထံ ထောက်ပြထားတဲ့အတိုင်း  မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီအပေါ် စုစည်းညီညွတ်တဲ့ ကြိုးပမ်းမှုအပေါ် အခြေခံတဲ့ ပြတ်သားတဲ့ နိုင်ငံတကာ တုံ့ပြန်မှုဆောင်ရွက်ဖို့အတွက်လည်း အတွင်းရေးမှူးချုပ်က ဆက်လက်တောင်းဆို လိုက်ပါတယ်။ 

အာဆီယံခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်အကြပ်အတည်း ပြင်းထန်ကြီးထွားလာမှုနဲ့ မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေကို ကျော်လွန် ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ ဆိုရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျိုးသက်ရောက်မှုတွေကို  ကြိုတင်ကာကွယ်နိုင်ရေး  အကူအညီပေးရန်လည်း တိုက်တွန်းပါတယ်။

ကုလသမဂ္ဂဟာ အာဆီယံရဲ့ အရေးပါတဲ့ မိတ်ဖက်ဖြစ်ပြီး  အာဆီယံဆောင်ရွက်နတဲ့ မြန်မာနိုင်ငံ အရေးကိစ္စတွေကို  သူ့အအနေနဲ့ အပြည့်အဝ ပံ့ပိုးသွားမှာဖြစ်သလို သူ့ရဲ့ အထူးကိုယ်စားလှယ် ခရစ္စတင်းရှရာနာဘာဂျီနာဟာလည်း  မနက်ဖန် ကျင်းပမယ့် အာဆီယံ အစည်းအဝေး ပြင်ပမှာ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဂျာကာတာမှာ ရှိနေမယ်လို့လည်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ရဲနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့်  အမျိုးသမီး၊ ကလေးသူငယ်နဲ့ အမျိုးသား အနည်းဆုံး ၇၄၁ ဦး သတ်ဖြတ်ခံခဲ့ရပြီး ဒီအထဲမှာ ကလေးသူငယ် ၅၂ ဦးပါဝင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက  ပြောပါတယ်။  

မနက်ဖန်ကျင်းပမယ့် အာဆီယံအထူးထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နဲ့ ဖိလစ်ပိုင်သမ္မတတို့က  မတက်ရောက်တော့ဘူးလို့ သက်ဆိုင်ရာနိုင်ငံတွေက ပြောထားပြီး   မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ တက်ရောက်မယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013